ဒီဟင်းလျာလေးကတော့ ထမင်းစားတဲ့အခါဖြစ်စေ၊ သရေစာအနေနဲ့ဖြစ်စေ၊ ကလေးများအတွက်ဖြစ်စေ အချိန်အခါအမျိုးမျိုးမှာ စားသုံးနိုင်ပါတယ်။ ပုဇွန်ကိုအသားလိပ်အနေနဲ့ပြုလုပ်ထားတာကြောင့် စားလိုက်တဲ့အခါ အတွင်းသားကအိနေချိန် အပြင်အသားကတော့ ကြွပ်ရွရွဖြစ်နေမှာပါ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်၊ ဝက်သား
  • ကြက်သွန်နီ၊ ကြက်သွန်မိတ်
  • မုန်လာဥနီ၊ ကြက်ဥ၊ ဂျုံမှုန့်
  • ဆား၊ သကြား
  • ပဲပြား (အခြောက်)၊ Sweet Chili Sauce

ပြုလုပ်နည်း

ပုဇွန်ကို ၂ ခြမ်းခွဲလိုက်ပါ။ ဝက်သားကို တောက်တောက်စဉ်းပါ။

ပုဇွန်၊ ဝက်သား ၊ ကြက်သွန်နီ ၊ ကြက်သွန်မိတ် ၊ မုန်လာဥနီသးသေးလေးတွေ လှီးထားတွေကို ရောပြီး ကြက်ဥနှစ် ၊ ဂျုံမှုန့်၊ အရသာအတွက် ဆား၊ သကြား တို့ထည့်ပြီး ရောနယ်ပါတယ်။ (ခပ်စည်းစည်းလေး ဖြစ်နေရပါမယ်)

ခပ်စည်းစည်း မဖြစ်သေးရင် ဂံျုမှုန့်အနည်းယေ် ထပ်ထည့်ပြီး နယ်ပေးပါ။ ပြီးရင်ဖြင့် ပဲပြားလိပ်ထဲ ထည့်ပြီး အလိမ့်လေးဖြစ်အောင် လိမ့်ပြီး ပေါင်းပေးရပါတယ်။(ထမင်းပေါင်းအိုး ထဲထဲ့ရျ် ပေါင်းလို့ရပါတယ်။)

၅မိနစ်လောက်နေရင် ပေါင်းအိုးထဲမှထုပ်ရျ် အအေးခံရပါမယ်။ ပြီးမှ ဓါးထက်ထက်လေးနဲ့ အပိုင်းလေးတွေလှီးပြီး ဆီပူအိုးထဲထည့် ကြော်ပါ။ ၊ရွှေဝါရောင်သန်းလာရင် ချပြီး သုံးဆောင်နိုင်ပါပြီ

ပုဇွန်နံမွှေးမွှေး ကြော်လို့ကြွပ်နေတဲ့ ပဲလိပ်ပြား အပေါ်ယံရယ် အတွင်းကအိနေတဲ့ ပုဇွန် နှင့် ဝက်သား တို့ရဲ့အရသာရယ်၊ Sweet Chili Sauce လေးနဲ့ တို့စားရင် အင်မတန် စားကောင်းပါတယ်။

Credit: အိမ်ဟင်းလေးတခွက်