ပုစွန်ကို ခါတိုင်းနဲ့ မတူဘဲ ခပ်ဆန်းဆန်း ချက်ကြည့်ရအောင်။ အချိန်လည်း မပေးရဘဲ လွယ်ကူရိုးရှင်းတဲ့ ပုစွန်ကြက်ဥ မွှေကြော်လေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပုစွန် အကောင်သေး ၃၀၀ ဂရမ်
  • ကြက်ဥ အလုံးကြီး ၅ လုံး
  • ဆား
  • ငရုတ်ကောင်း အဖြူ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၈ ပုံ ၁ပုံ)
  • ငရုတ်ကောင်း အမည်း အနည်းငယ်

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ နွေး နွေး သို့ နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပုစွန်ကို သကြား၊ ငရုတ်ကောင်း နှင့် နှမ်းဆီတို့နဲ့ နယ်ပြီး ၁၀-၁၅ မိနစ်လောက်ထားထားပါ။

ကြက်ဥတွေအားလုံးကို ဇလုံထဲမှာ ထည့်ပြီး ခလောက်ထားပါ။ ရေနွေးနွေး သို့ နွားနို့၊ ဆား၊ သကြား တို့နဲ့ သေချာအောင် မွှေပါ။

ဒယ်အိုးအပြားထဲမှာ ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း ကို ထည့်ပြီး ပျော်အောင်လုပ်ပါ။ ပုစွန်ထည့်ပြီး ကြော်ပါ။ ပုစွန်ပန်းရောင်သန်းလာရင် ကြက်ဥတွေကိုထည့်လိုက်ပါ။

နောက်ထပ် ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မီးပူပေးလိုက်ပါ။ ကြက်ဥထည့်ပြီး ကြော်လိုက်ပါ။ ၆ စက္ကန့်- ၁၀ စက္ကန့်လောက်ကြာရင် မီးကိုလျှော့လိုက်ပြီး ကြက်ဥကို အလယ်ကနေ မမွှေဘဲနဲ့ ဘေးနားလေးကနေ အသာလေးမွှေပြီး အပူရှိန်လေးနဲ့ ကျက်အောင်ထားပါ။ ကြက်ဥနှင့် ပုစွန်ကြော်အပေါ်ကနေ ငရုတ်ကောင်းနဲ့ ကြက်သွန်မြိတ်လေးဖြူးပြီး အလှဆင်ကာ စားသုံးလို့ရပါပြီနော်။

 

Photos Credit: Chinasichuanfood