လူရဲ့ ကိုယ်ခန္ဓာဟာ ဓာတ်ကြီးလေးပါးနဲ့ အချိုးညီညီ ပေါင်းစပ်ထားတဲ့ အရာပါ။ ဓာတ်တစ်ပါး ချို့တဲ့ပြီ ဆိုတာနဲ့ မလိုလားအပ်တဲ့ ရောဂါတွေ ပိုးမွှားတွေ ဝင်လာပါတော့တယ်။ အဲ့ဒီ လိုအပ်တဲ့ ဓာတ်တွေ ချို့ယွင်းအခါ သက်ဆိုင်ရာ လက္ခဏာတွေ ပြတတ်ပါတယ်။ ရေဓာတ်ခမ်းတဲ့အခါ ပြသတဲ့ လက္ခဏာတွေကတော့..

၁။ ခံတွင်းခြောက်ခြင်း

Dry-Mouth

ခံတွင်းခြောက်တယ်ဆိုတာ သတိထားမိကြမှာပါ။ အပူတွေ များတဲ့အခါမှာလည်း ပါးစပ်တွေခြောက်လာပြီး လျှာတွေ ကွဲတတ်ပါတယ်။ ပါးစပ်အတွင်း အပူဖုတွေလည်း ပေါက်လာ တတ်ပါတယ်။ နှုတ်ခမ်းဟာ မွဲခြောက်ခြောက်ဖြစ်လာပါတယ်။ ပါးစပ်ခြောက်ခြင်းဟာ ရေလုံလောက်စွာ မသောက်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ ရေများများ သောက်ဖို့ လိုအပ်ပြီး ခံတွင်းအတွင်း သန့်ရှင်းအောင် ဆောင်ရွက်ပေးပါ။

၂။ခေါင်းကိုက်ခြင်း

Headaches

ရေဓာတ်လိုအပ်ခြင်းရဲ့ နောက်လက္ခဏာတစ်ခုကတော့ ခေါင်းကိုက်ခြင်းပါ။ ခေါင်းကိုက်ခြင်းဖြစ်ပွားဖို့ အကြောင်းအရာတွေ အများကြီး ရှိတဲ့ အတွက် ရောထွေးနိုင်ပါတယ်။ ဒါပေမယ့် ရေကို များများ ပိုသောက်ခြင်းဟာ အကျိုးမယုတ်စေပါဘူး။

၃။ ဆီးဝါခြင်း

Dark-Urine

ဆီးသွားတဲ့အခါ အညိုရောင် ဒါမှမဟုတ် အဝါရောင်တောက်တောက် ဖြစ်နေရင်တော့ ရေဓာတ်လိုအပ်နေတဲ့ လက္ခဏာပါ။ ရေများများ သောက်ပြီး ဆီးခဏခဏ သွားလိုက်တဲ့အခါ ကိုယ်တွင်းမှာ သန့်သွားပြီး ဆီးဟာ ဖြူသွားပါလိမ့်မယ်။

၄။ ခဏခဏဗိုက်ဆာခြင်း

အကြောင်းမရှိဘဲ ဆာလောင်မှုကို အကြာခဏ ခံစားနေရမယ်ဆိုရင်လည်း ဒါက ရေဓာတ်လိုအပ်တဲ့ လက္ခဏာ တစ်မျိုးပါ။

၅။ အမြဲတမ်း အိပ်ချင်နေတဲ့စိတ်ဖြစ်ပေါ်ခြင်း

Lethargy

အချိန် မဟုတ်ဘဲ အိပ်ချင်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရေဓာတ်လိုအပ်နေတဲ့ လက္ခဏာပါပဲ။ ရေဓာတ်ခန်းတဲ့အခါ လူဟာ မလန်းဆန်း ဦးနှောက်က မတက်ကြွစေတော့ဘဲ ထိုင်းမှိုင်းပြီး အိပ်ချင်စိတ် ဖြစ်ပေါ်နေတတ်ပါတယ်။ ရေများများ သောက်ပေးပြီး ဦးနှောက်ကို နိုးလိုက်ပါ။

၆။ အသားအရေခြောက်သွေ့ခြင်း

Dry-Skin

အသားအရေဟာ စိုစိုပြေပြေ ရှိမနေဘဲ ခြောက်သွေ့ပြီး မည်းလာမယ်ဆိုရင်လည်း ရေဓာတ် လိုအပ်တဲ့ လက္ခဏာပါ။ ရေများများ သောက်ပြီး ရေဓာတ်ပါဝင်မှု များတဲ့ Skin Care တွေ သုံးပေးပါ။

အပေါ်က ပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခုမဟုတ် တစ်ခု ဖြစ်နေပြီဆိုရင်တော့ သင် ရေများများ သောက်ဖို့ လိုနေပါပြီ။

Ref: healthypanda