အစားအစာတွေက ချက်ပြုတ်ပြီးသွားရင် အနံ့အရသာတွေက မွှေးပျံ့ ချိုမြိန်လှပါတယ်။ ဒါပေမယ့် အသားငါးတွေ ကိုင်နေရတဲ့အချိန်မှာတော့ ညှီနံ့ သိပ်နှံပါတယ်။

ဟင်းလျာတွေလည်း ချက်ပြုတ်ပြီးသွားတဲ့အချိန်မှာလည်း သင့်ရဲ့ လက်ကလေးတွေမှာ ညှီနံ့ ဆွဲပြီးကျန်ရစ်ခဲ့ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ လှီးတာဘဲဖြစ်ဖြစ်၊ ပင်လယ်စာတွေချက်ပြုတ်တာဘဲဖြစ်ဖြစ် အနံ့ပြင်းပြင်းတွေက လက်ပေါ်မှာ နာရီပေါင်းများစွာ စွဲနေတတ်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

သံပုရာသီး

သံပုရာက အနံ့ပြင်းတဲ့ အစားအစာတွေကို အနံ့ပြယ်စေပါတယ်။ အများအားဖြင့် ငါးတွေကိုင်ပြီး လက်မှာ ညှီနံ့ဖြစ်နေရင် သံပုရာသီးကို အသုံးပြုပေးလိုက်ပါ။

သံပရာသီးမှာပါဝင်တဲ့ Citric အက်ဆစ်ဓာတ်က ငါးညှီနံ့ကိုနံစေတဲ့ Amines ကွန်ပေါင်းကို Ammonium Salt အဖြစ်ပြောင်းလဲပေးလိုက်တာကြောင့် လက်မှာနံ့တာတွေ ပျောက်သွားပါလိမ့်မယ်။

ရေထဲကို သံပုရာသီးတွေညှစ်ထည့်ပြီး သံပုရာသီးကိုထည့်ကာ သံပုရာရည်နဲ့ လက်ဆေးရင် သို့မဟုတ် လက်ချောင်းတွေကို သံပုရာသီးနဲ့ ပွတ်ရင် အနံ့ကို ပြေစေပါတယ်။

ကော်ဖီစေ့

ကော်ဖီစေ့တွေက အနံ့ကို စုပ်ယူနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့ကြောင့် ကော်ဖီစေ့တွေကို အနံ့ပျောက်တဲ့အထိ လက်မှာ ပွတ်လိုက်ပါ။ အနံ့ ပျောက်သွားရင် ဆပ်ပြာနဲ့ရေနဲ့ လက်ကို ပြန်ဆေးကြောလိုက်ပါ။

ဒါပေမယ့် ကော်ဖီအနံ့လေးတော့ အနည်းငယ် ကျန်ခဲ့တာကြောင့် ကော်ဖီအနံ့မကြိုက်ရင် ဒီနည်းလမ်းကို မသုံးပါနဲ့။

မုန့်ဖုတ် ဆိုဒါ

မုန့်ဖုတ် ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို လက်ဆေးဆပ်ပြာနဲ့ ရောပြီး ဆေးလိုက်ရင်လည်း ပျောက်သွားပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးက လက်မှာ ကပ်ငြှိနေတဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့ လက်ဆေးလိုက်ပါ။ ပြီးမှ ဆပ်ပြာနဲ့ထပ်ဆေးပါ။

ရေအေးနဲ့ဆေးကြောပါ

တခြား ဘာမှ မရှိရင် နောက်ဆုံး ရေအေးနဲ့ဆေးကြောပေးပါ။ ရေပူက ချွေးပေါက်တွေကို ပွင့်စေပြီး လက်မှာကပ်နေတဲ့ အနံ့ဆိုးတွေ၊ အဆီတွေကို ချွေးပေါက်ထဲဝင်ကာ အနံ့ဆိုးတွေကို ပိုကပ်ငြိစေပါတယ်။

ဒါ့ကြောင့် ရေအေးနဲ့ဘဲ ဆေးကြောပေးရင် တဖြည်းဖြည်းပျောက်သွားပါလိမ့်မယ်။

ဆား

လက်မဆေးခင်မှာ ဆားနဲ့ ပွတ်လိုက်ပါ။ အကောင်းဆုံးကတော့ ဆားနဲ့ ၂ ကြိမ်လောက်ပွတ်ပြီး ဆပ်ပြား အနည်းငယ်ထည့်ကာ (Scrub တိုက်သလို) ဆပ်ပြာ နည်းနည်း၊ ရေနည်းနည်းနဲ့ပွတ်ပေးပါ။

သံလွင်ဆီ

သံလွင်ဆီကတော့ ဈေးကြီးတာကြောင့် ဖြစ်နိုင်ရင် တခြားနည်းလမ်းတွေကိုဘဲ သုံးပါ။ ကြက်သွန်ဖြူတို့၊ အသားငါးတို့ကို မကိုင်ခင်း လက်ထဲကို သံလွင်ဆီ အနည်းငယ်ထည့်ပြီး ပွတ်တိုက်ပေးပါ။

အနံ့ဆိုးတွေ လက်မှာ မကပ်စေဖို့ ကာကွယ်ပေးပါတယ်။

သံလွင်ဆီ ထည့်တာအရမ်းများသွားရင်လည်း ဓားကိုင်ရင် ချော်ထွက်နေတာမျိုးဖြစ်တတ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့် က ပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

ဟင်းလျာတွေရဲ့ အနံ့အရသာ ထူးကဲအောင် ခနောကြက်သားမှုန့်ကို သုံးဖို့ မမေ့ပါနဲ့နော်။

ခနောကြက်သားမှုန့်ကို ထုတ်လုပ်ရာမှာ ဓာတုဆေးဝါးတွေနဲ့ ကြာရှည်ခံ ပစ္စည်းတွေကို ထည့်သွင်းထားခြင်းမရှိတာကြောင့် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။