မီးဖိုချောင်ထဲဝင်တဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲမှာ အချိန်အကြာကြီး ဖြုန်းချင်မှာတော့ မဟုတ်ပါဘူး။ ကိုယ် ဈေးကဝယ်လာတဲ့ သစ်သီးတွေ အစားအသောက်တွေကိုလည်း ပုပ်သွားလို့ လွှင့်ပစ်လိုက်ရတာမျိုးလည်း ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်နဲ့ အထားခံတာကိုပဲ လိုချင်ကြတာပါ။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အိမ်ရှင်မများအတွက် အသုံးဝင်မယ့် မီးဖိုချောင်ဆိုင်ရာ လျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

သစ်သီးဝလံများကို အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ် တာရှည်အထားခံချင်တဲ့အခါ

သံပုရိုသီးကို ထိုအသီးအနှံများနဲ့ ရောထားပေးလိုက်ပါ။ အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်အထားခံမှာပဲ ဖြစ်ပါတယ်။

အာလူးနဲ့ ကြက်သွန်

အာလူးနဲ့ ကြက်သွန်က အလင်းရောင်မကြိုက်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ခြင်းတစ်ခုထဲထည့်ထားပြီး အံဆွဲထဲမှာဖြစ်ဖြစ်၊ ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ် ထည့်ထားပေးလိုက်ပါ။

အာလူးတွေ အညှောင့်မထွက်လာစေဖို့

အာလူးတွေ အများကြီးဝယ်ထားပြီး အချိန်ကြာကြာအထားခံချင်တယ်ဆိုရင် ပန်းသီးတစ်လုံးကို အာလူးတွေနဲ့ ရောထားပေးရပါမယ်။

ပန်းသီးကို လတ်လတ်ဆတ်ဆတ်ဖြစ်နေဖို့ ဘယ်လိုထားရမလဲ

ပန်းသီးကို အကုန်မစားဘဲ တစ်ခြမ်းပဲစားမယ်ဆိုပြီး လှီးဖြတ်လိုက်တဲ့အခါ မစားဘဲ ကျန်ခဲ့တဲ့ တစ်ခြမ်းက ဝါသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းကတော့ ပန်းသီးထဲမှာ ပါဝင်တဲ့ သံဓာတ်က လေထဲက အောက်စီဂျင်နဲ့ ဓာတ်ပြုလိုက်တဲ့အတွက်ကြောင့်ပါပဲ။ ပန်းသီးကို သားရေကွင်းနဲ့ ပတ်ထားပေးလိုက်မယ်ဆိုရင် အောက်စီဂျင်နဲ့ သံဓာတ်တို့ ဓာတ်ပြုတော့မှာမဟုတ်ဘဲ ဝါသွားခြင်း၊ နွမ်းဖတ်သွားခြင်းမရှိဘဲ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်မှာပဲဖြစ်ပါတယ်။

အသားများ နူးအိဖို့နဲ့ အရသာပိုရှိချင်တယ်ဆိုရင်

ကော်ဖီအကြမ်းမှုန့် အသုံးပြုနိုင်ပါတယ်။ ကော်ဖီအကြမ်းမှုန့်ထဲမှာ ပါဝင်တဲ့ အက်စစ်ဓာတ်က အသားများကို ပိုပြီး နူးအိအောင်၊ အရသာပိုရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ကော်ဖီအကြမ်းမှုန့်၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းနဲ့ ရေအနည်းငယ်တို့ကို ရောစပ်ပြီး သမအောင် မွှေလိုက်ပါ။ ထို့နောက် မိမိချက်ချင်တဲ့အသားနဲ့ ကော်ဖီရည်များကို သမအောင် နယ်ပေးလိုက်ပါ။ ကော်ဖီရည်များ အသားထဲ စိမ့်ဝင်သွားဖို့အတွက် မိနစ် ၃၀ မှ ၄ နာရီကြာသည်အထိ စိမ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ အသားချက်တဲ့အခါ နူးအိလွယ်ပြီး အနံ့ပိုမွှေးတဲ့အပြင် အရသာလည်း ပိုရှိပါတယ်။

ကြက်သားကို ပါးပါးမလှီးခင် အရင်လုပ်ထားရမယ့်အရာ

ကြက်သားကို အလုံပိတ်အိတ်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ ထည့်ထားလိုက်ပါ။ အချိန်ပြည့်ပြီဆိုမှာ ရေခဲသေတ္တာထဲကထုတ်ပြီး ပါးပါးလှီးလို့ရပါပြီ။ ဒီနည်းလမ်းက ကြက်သားပါးပါးလှီးရတာ ပိုမိုလွယ်ကူစေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

Source: Brightside.me