ချိုတဲ့အစားအစာတွေကို လူကြိုက်များပေမယ့် ခါးတဲ့ အစားအစာကိုတော့ လူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမယ့် ဆေးတိုင်းလိုလို ခါးကြတာကိုတော့ လူတိုင်းသတိထားမိကြမှာပါ။

ကြက်ဟင်းခါးသီးဟာ ဆီးချိုရောဂါထိန်းချုပ်ရာမှာ အသုံးဝင်တဲ့ အာနိသင် (၃) မျိုးပါဝင်ပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်း ဘာအစားမှ မစားခင်မှာ သောက်ပေးသင့်ပါတယ်။ လူတိုင်း ဒီအကျိုးကျေးဇူးရှိတယ်ဆိုတာကို သတိထားမိကြတယ်။ အသိအမှတ်ပြုကြတယ်ဆိုပေမယ့် ခါးလို့ လူတိုင်း လိုက်မသောက်နိုင်ကြပါဘူး။ ဒါပေမယ့် ဒီလိုအရသာ ခါးခါးကို ကြောက်နေရင်တော့ ရောဂါခါးခါးကိုခံစားကြရမှာပါ။

ဆီးချိုဝေဒနာရှင်တွေအတွက် ကြက်ဟင်းခါးသီးဖျော်ရည်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးပါမယ်။

2

အရင်ဆုံး ရေသေချာဆေးပြီး အပေါ်ပိုင်း အရေခွံကို လှီးလိုက်ပါ။ ပြီးရင် အနေတော် အတုံးသေးသေးလေးတွေ လှီးလိုက်ပြီး ဆား၊ နနွင်းနဲ့ သေချာနယ်လိုက်ပါ။ အဲဒီနောက် ခဏထားထားလိုက်ရင် ကြက်ဟင်းခါးသီးကနေ အရည်ထွက်လာတာ တွေ့ရမှာပါ။ အရည်ထွက်လာရင် အားရပါးရ နှယ်လိုက်ပါ။ ပြီးရင် အရည်ညှစ်ထုတ်ပြီး စကာ (ဇကာ) နဲ့ စစ်ချလိုက်ကာ ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် သံပုရာရည် နည်းနည်းညှစ်ထည့်လိုက်ပါ။

တိုင်းရင်းဆေး ပညာတွေအရ ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အစားအစာအဖြစ် အသုံးပြုကြပြီး ဗိုက်နာခြင်း၊ အဖျားတက်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းနဲ့ အရေပြားရောဂါတို့အတွက် အသုံးပြုကြသလို အနာကျက်စေဖို့ ၊ မီးဖွားရလွယ်စေဖို့နဲ့ ငှက်ဖျားရောဂါ၊ ဝက်သက် ရေကျောက်စတဲ့ ရောဂါအမျိုးမျိုးအတွက်လည်း အသုံးပြုကြပါတယ်။

ဘယ်လိုသောက်မလဲ

1-1

မနက်အိပ်ယာနိုးနိုးချင် ဘာမှမစားခင် သောက်ပေးရမှာပါ။ အဲဒီလိုသောက်ပေးရင် သွေးတွင်း သကြာဓာတ်ကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတယ်လို့ဆိုပါတယ်။

သုတေသန

၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဆေးပညာစာစောင်တစ်ခုမှာ ကြက်ဟင်းခါးသီးနဲ့ပတ်သတ်ပြီး Clinical Trial ဆိုတဲ့ လက်တွေ့စမ်းသပ် လေ့လာမှုတစ်ခုအကြောင်းဖော်ပြခဲ့ပါတယ်။ အဲဒီသုတေသနမှာ ကြက်ဟင်းခါးသီး နေ့စဉ် ၂ ဂရမ်စားသုံးပေးတဲ့ ဆီးချိုသွေးချို ဝေဒနာရှင်တွေမှာ သွေးထဲက ဂလူးကို့စ် သကြားပမာနကို သိသိသာသာ ကျအောင်လုပ်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုကို ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု Saint Louis တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ ကြက်ဟင်းခါးသီး အနှစ်ဟာ ရင်သားကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။