လည်ပင်းနာတာ အများအားဖြင့် အအေးမိတာကြောင့် ဖြစ်တတ်ပါတယ်။ ဗားရက်စ်တွေ ဘက်တီးရီးယားတွေကြောင့်သာမက နှာခေါင်းထဲ ပိုးဝင်၊ အလက်ဂျစ်၊ ဆေးလိပ်၊ လေထုညစ်ညမ်းမှုနဲ့ ခြောက်သွေ့တဲ့လေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လည်ပင်းနာရင် တစ်ခုခုမျိုချဖို့ မပြောနဲ့ ရေသောက်ရင်တောင် နာသလို၊ စကားတောင် ပြောလို့မရပါဘူး။ ဒါကြောင့် လည်ပင်းနာတာသက်သာစေမယ့် သဘာဝ နည်းလမ်းတွေကို မိတ်ဆက်ပေးပါရစေ။

ဆားရည်

salt-water_thumb[5]

ခွက်တစ်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ထည့်ပြီး ရေနွေးနွေးလေးထည့်ပါ။ အဲ့ဒီ ဆားရည်ကို မြိုမချဘဲ လည်ပင်းနားအထိ ရောက်အောင် ပလုတ်ကျင်းပြီး ထွေးထုတ်လိုက်ပါ။ တစ်နေ့ကို ၃၊၄ ခါလောက် လုပ်ပေးရင် လည်ပင်းနာတာ သက်သာပါလိမ့်မယ်။

စပျစ်ခြောက်

kismis

လည်ပင်းနာနေရင် စပျစ်ခြောက်ကို မကြာခဏ စားပေးပါ။

ပင်စိမ်းရွက်၊ ဂျင်း၊ လက်ဖက်ခြောက်မှုန့်

water basil tea ginger

တောက်တောက်ဆင်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်၊ လက်ဖက်ခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဝက်၊ ပင်စိမ်းရွက် ၂ ရွက်ကနေ ၃ ရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင် အအေးခံပြီး သောက်လိုက်ရင် လည်ပင်းထဲကနေ ခံရခက်နေတဲ့ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေသွားမှာပါ။

ပင်စိမ်းရွက်၊ ပျားရည်

water basil honey

ပင်စိမ်းရွက် အနည်းငယ်ကို ရေတစ်ခွက်နဲ့ ပွက်ပွက်ဆူအောင် ကျိုပြီး နောက် အိုးပေါ်ကချလိုက်ပါ။ အဲဒီနောက် ပင်စိမ်းရွက် ကျိုထားတဲ့ အရည်ထဲကို ပျားရည် ၂ စက်၊ ၃ စက်လောက်ထည့်ပြီး သောက်သုံးလို့ရပါတယ်။

သံပုရာသီး၊ ပျားရည်

lime water honey

သံပုရာသီး အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောပြီး ရေနွေးပူပူ တစ်ခွက် ထဲမှာ ရောပါ။ ပြီးရင် မနက်စာမစားခင်နေ့တိုင်းသောက်ပါ။