ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေများများ စားလို့ အလွယ်တကူ ပြောဆိုကြပါတယ်။ ဟင်းသီဟင်းရွက်၊ အသီးအနှံတွေ များများစားတဲ့အပြင် တခြား အချက်တွေလည်း ရှိနေသေးပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီကို သုံးပါ

6 secrets to cooking healthier

ဆီတိုင်းက မကောင်းတာမဟုတ်ပါဘူး။ သံလွင်ဆီလို Unsaturated ဆီတွေက ထောပတ်ဆီလို Over Saturated အဆီတွေထက် ပိုပြီး ကောင်းပါတယ်။ ဒါပေမယ့်လည်း ကယ်လိုရီဓာတ်တွေပါဝင်မှုများတာကြောင့် အနည်းငယ်ဘဲ စားသုံးသင့်ပါတယ်။

ကောက်ပဲသီးနှံတွေကို စားပါ

asian-2752_1280

ကောက်ပဲသီးနှံတွေကို အရောင်ချွတ်ထားတာမဟုတ်တဲ့ ဒီအတိုင်း ပြုလုပ်ထားတာတွေစားသင့်ပါတယ်။ ဥပမာ ဆန်ဆိုရင်လည်း ဆန်အညိုက ဆန်အဖြူထက်ပိုကောင်းပါတယ်။ ဆန်အဖြူက ဆန်ကိုအရောင်ချွတ်ပြီးထုတ်လုပ်ထားတာကြောင့် ဆန်အညိုလောက် အာဟာရမပြည့်ဝပါဘူး။ ဒါကြောင့် အရောင်မချွတ်ထားတဲ့ ကောက်ပဲသီးနှံတွေက အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ မဂ္ဂနီဆီယမ်၊ ဇင့်ဂ် နဲ့ တခြား အာဟာရဓာတ်တွေ ပိုပါဝင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ပိုစားပါ

vegetables-573958_1280

တစ်နေ့ကို ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို ၄ကြိမ်ကနေ ၁၃ ကြိမ်စားပေးပါ။ အသီးအရွက်တွေမှာ Antioxidants ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ ဖျော်ရည် ကို တစ်နေ့ကို ၁ ခွက်သို့မဟုတ် တစ်ဝက်လောက် သောက်ပေးပါ။

အသားအနည်းငယ်လည်း စားပေးပါ

meat-pan-1120410_1280

အသားမှာ ပရိုတင်းဓာတ်နဲ့ Saturated အဆီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အသား၊ ငါး၊ ကြက်သား အနည်းငယ် စားပါ။ ဟင်းခွက်ထဲမှာ အသားအနည်းငယ်၊ အသီးအရွက်နဲ့ ကောက်ပဲသီးနှံ များများ စားပါ။

အဆီနည်းတဲ့ နို့ထွက် ပစ္စည်းတွေ စားပါ

glass-1587258_1280

နွားနို့ နဲ့ ဒိန်ချဉ် တို့မှာ ကယ်ဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် နွားနို့ကို ဒီအတိုင်းသောက်မယ့်အစား အဆီထုတ်ထားတဲ့ နွားနို့ကို သောက်သင့်ပါတယ်။

ဆိုဒီယမ် ပမာဏကို ထိန်းစားပါ

salt-2618769_1280

ကိုယ့်မှာ သွေးတိုးရှိရှိ မရှိရှိ ဆိုဒီယမ် ပမာဏကို ထိန်းစားနိုင်ရင်ကောင်းပါတယ်။ ဆိုဒီယမ်ဓာတ်က ဆားထဲမှာ အများဆုံးပါဝင်ပါတယ်။