အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံးလည်း ကြိုက်ကြတဲ့ အာလူး ပန်ကိတ်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးမို့ အကြိုက်တွေ့ကြမယ်၊ အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်။

ပါဝင်ပစ္စည်း

  • အာလူး အကြီး ၂ လုံး ၊ ၃ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • ဆား အနည်းငယ်
  • ဆီ

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာ
  • လကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

ကြက်သွန်နီနဲ့ အာလူးကို အခွံနွှာ ရေသေချာဆေးလိုက်ပြီး ခြစ်ပေးလိုက်ပါ။

ပြီးရင်တော့ ရေသေချာဆစ်ပေးလိုက်ပါ။

အိုးကိုအပူပေးလိုက်ပြီး အာလူးနဲ့ ကြက်သွန်ကို ပြားပြားလေး ထည့်ကြော်လိုက်ပါ။

နည်းနည်းလေး ညိုလာပြီဆိုရင်ဆော့ တစ်ဖက်ကို လှန်ပေးလိုက်ပါ။ နှစ်ဖက်လုံး ကြွပ်ကြွပ်လေးဖြစ်သွားရင် မီးဖိုပေါ်ကချပြီး စားလို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar