မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ သီးနှံတွေ (GMO) တွေက ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် တရုတ်နိုင်ငံတွေမှာ ပြောင်းဖူး၊ ပဲပုပ်၊ အာလူး တို့ကို GMO တွေနဲ့ စိုက်ကြပေမယ့် သြစတီးလျား၊ ဂရိ၊ ဟန်ဂေရီနှင့် ဥရောပနိုင်ငံ တော်တော်များများကတော့ GMO သီးနှံတွေကို နိုင်ငံအတွင်း တင်သွင်းခွင့်တောင် မပြုပါဘူး။

မျိုးရိုးဗီဇ ပြုပြင်ထားတဲ့သီးနှံတွေ (GMO) တွေက ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ သံသယရှိကြပေမယ့် အခုလက်ရှိ လက်စုပ်လက်ကိုင်ပြနိုင်တဲ့ သုတေသနတွေတော့ မထွက်ပေါ်လာသေးပါဘူး။

GMO ရဲ့အရှည်ကောက်မှာ Genetically Modified Organisms ဖြစ်ပြီး (အပင်၊ တိရစ္ဆာန်တွေနဲ့ အလွန်သေးငယ်တဲ့ မိုက်ခရို အော်ဂက်နစ်ဆင်) တွေရဲ့ မျိုးရိုးဗီဇတွေပြောင်းလဲပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Screen-Shot-2015-10-12-at-12.55.00-PM

အဲ့လို GMO နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ မျိုးတွေက ပိုးမွှား၊ မှိုရောဂါနှင့် ဗားရက်စ်တွေကို ခံနိုင်စွမ်းရှိပြီး တခြား သဘာဝနည်းအရ ဖြစ်လာတဲ့ အသီးအနှံတွေထက်ပိုပြီး အရသာ ရှိကာ ပိုကြီးပါတယ်။

အခုလက်ရှိ GMO နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေက ဘယ်လောက်အထိကျန်းမာရေးကို ထိခိုက်နိုင်သလဲဆိုတာ ပြသနိုင်ဖို့ သုတေသနတွေ မရှိသေးဘဲ ပြသနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်တဲ့ နိုင်ငံတကာ သုတေသန အဖွဲ့အစည်းကြီးတွေနှင့်သိပ္ပံအဖွဲ့တွေကတော့ သံသယရှိပြီး သုတေသနတွေ စတင်လုပ်နေကြပါတယ်။

ဒါပေမယ့် GMO နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေက ယားနာ၊ အလက်ဂျစ်ဖြစ်စေတတ်တာတော့ အမှန်ပါဘဲ။

ဥပမာ သင့်မှာ သစ်အယ်သီးနဲ့ အလက်ဂျစ်ရှိရင် သစ်အယ်သီးရဲ့ မျိုးရိုးဗီဇကို ယူပြီး တခြား အသီးမှာ GMO လုပ်ထားရင် အဲ့ဒီအသီးကို စားမိပါက အလက်ဂျစ်ရှိနိုင်ပါတယ်။ ဒါကြောင့် စူပါမားကတ်တွေကို သွားရင် အသီးတွေမှာ ကပ်ထားတဲ့ စာသားတွေကို သေချာ ဖတ်သင့်ပါတယ်။

15240860-1741160-1-4ImageImageTranslation-ruenarticle2564s3-0-1501154887-1501154893-650-1-1501154893-650-6018dd2e2a-1501162407

စာသားတွေကို သေချာဖတ်ပါ။

တချို့ စူပါမားကက်တွေမှာ အသီးအပေါ်မှာ အော်ဂန်းနစ် စစ်စစ် အသီးကို “100% Organic သို့ Organic သို့ Made with Organic Ingredients” လို့ရေးထားပါတယ်။

GMO သီးနှံ ဟင်းသီးဟင်းရွက်မဟုတ်ဘူးဆိုရင် “GMO free” သို့ “Non-GMO” သို့ “Made without genetically modified ingredients” လို့ ရေးထားပါတယ်။

15240910-1741510-2-4ImageImageTranslation-ruenarticle2564s3-0-1501155069-1501155076-650-1-1501155076-650-8b12d6d616-1501162407

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ပုံစံကို ကြည့်ပါ

GM အသီးအနှံတွေက အပြင်ပိုင်း ပုံစံ က အရမ်းကောင်းပါတယ်။ အရွယ်အစား ကြီးကြီးမားမား နှင့် ကြာရှည်ခံပါတယ်။ ဥပမာ ပိုးမွှားဒဏ်ခံနိုင်တဲ့ တခြား အသီးအနှံတစ်မျိုးက မျိုးရိုးဗီဇကို ခရမ်းချဉ်သီးမှာထည့်ထားတာကြောင့် GM နဲ့လုပ်ထားတဲ့ ခရမ်းချဉ်သီးတွေက ပိုးမွှားတွေကို သေစေနိုင်တဲ့ အဆိပ်တွေထုတ်ပေးပြီး ပိုးမွှားမကိုက်ခံရတော့ပါဘူး။

အကယ်၍ ပိုးကိုက်ခံထားရတဲ့ အသီးအနှံတော်တော်များများကတော့ အော်ဂန်းနစ်တွေဖြစ်လေ့ရှိပါတယ်။

15240960-1742210-3-4ImageImageTranslation-ruenarticle2564s3-0-1501155151-1501155156-650-1-1501155156-650-60a110861e-1501162407

GM အစားအစာတွေကို အသင့်စားအစားအစာ Fast Food တွေမှာ အများဆုံးသုံးပါတယ်။

ကမ္ဘာပေါ်မှာစိုက်ထားသမျှ ပဲပုပ် ၇၈ ရာခိုင်နှုန်း၊ ပြောင်းဖူး ၃၃ ရာခိုင်နှုန်း၊ ဝါဂွမ်း ၆၄ ရာခိုင်နှုန်း တို့က မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ GM အပင်တွေဘဲ ဖြစ်ပါတယ်။

အဲ့လို GM နည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ အစားအစာတွေကို

  • ကြက်အူချောင်း
  • နို့ထွက်ပစ္စည်းနဲ့ ချီစ် (Cheese)
  • Cereals
  • ပေါင်မုန့်
  • အချိုရည်
  • မိုင်ယိုနီးစ် (Mayonnaise)
  • ချောကလက်ရည်တို့မှာ ဖြစ်ပါတယ်။