ငါးခေါင်းဟင်းကို ကြိုက်သူများအတွက် အရသာတစ်မျိုးထူးကဲပြီး ချက်ပုံကွာခြားသည့် စင်္ကာပူ ငါးခေါင်းဟင်း ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ရှူးရှူးရှဲရှဲအရသာနဲ့ ထမင်းစားတဲ့အခါ ခံတွင်းအလွန်လိုက်တာကြောင့် ခံတွင်းပျက်နေသူများလည်း စားပေးနိုင်ပါတယ်။

ပါဝင်သောပစ္စည်းများ

  • ၅၀၀ g ရှိ အသင့်ပေါင်းထားသော ငါးခေါင်း
  • ထည့်လိုသောအသီးအနှံ ၂-၃ မျိုး (ခရမ်းသီး ၊ ပဲသီး ၊ အာလူး) *** အာလူးက ဒီမှာတော့ ပါတဲ့ ဆိုင်လဲ ပါတယ် ။  မပါတဲ့ ဆိုင်လဲ မပါဘူး ။ ဆိုင်တိုင်း ပါတာက ဂေါ်ဖီထုပ် များများ ထည့်တော့ ဟင်းပုဂံ လှတယ် ။   ငြုတ်စိမ်းပွ အရှည်တောင့်လဲ ထည့်ကြတယ် ။
  • မပါမဖြစ် ရုံးပတေသီး ၅တောင့်
  • စလုံး ပဲပြားပွကြော် ၃-၄ခု
  • Curry Leaf လို့ခေါ်တဲ့ ပျဉ်းတော်သိမ်ရွက်အနည်းငယ်

ပြုလုပ်နည်း

  1. ဟင်း အနှစ်ချက်ပြီးလျှင် သပ်သပ်တည်ချထားသော ငါးခေါင်း ပေါင်းအိုး ရဲ့ ငါးခေါင်း ပတ်ပတ်လည်မှာ ရုံးပတေသီးချန်၍ လှီးပြီး ဆားစိမ် ၊ ရေဆေး ထားတဲ့ အသီးအနှံတွေ ထည့်ပါ ။
  2. မီးဖိုပေါ်မှာ မီးအရှိန်အသင့်ထား၍ အဖုံး လုံလုံအုပ်ပြီး ၂မိနစ် အကြာ အုန်းနို့ (70ml) အနှစ် ဖေါက်၍ အပေါ်ကနေ ဖြန့်ထည့်ပါ ။
  3. ဆက်၍ သီးခြား ချက်ထားသော ငါးခေါင်း ဟင်းအနှစ်ကိုလဲ ဖြန့်ထည့်ပါ။ ပြီးလျှင် ရေနွေး အနည်းငယ်ဆွက်၍ အဖုံး လုံလုံ အုပ်ထားပါ ။
  4. ၅မိနစ် အကြာ အဖုံးဖွင့်၍ အရသာ မျှစေရန် ငါးခေါင်းကို တဖက် လှန်ပေးပြီး လက်ကျန် ရုံးပတေသီးနှင့် ပျင်းတော် သိမ်ရွက် (curry leaf) ထည့်ပြီး ၄မိနစ် ဆက်ထားပြီး ဟင်းအနှစ်ရည် လိုသလို မပြစ် မကျဲရလျှင် မီးပိတ်ထား၍ ချက်ချင်းစားလိုက စားလို့ ရပါပြီ ။

Credit: Kyaw Mar Lwin