ငါး - Fish | နိုင်ငံတကာ အစားစာများ - International Food | ဟင်း - Curry

စင်္ကပူ ငါးခေါင်းဟင်း (Singaporean Fish Head Curry)

April 2, 2016

စင်္ကပူ ငါးခေါင်းဟင်း (Singaporean Fish Head Curry)

Share this on:

Singaporean Fish Head Curry

Singaporean Fish Head Curry

ပါဝင်သောပစ္စည်းများ

  • ၅၀၀ g ရှိ အသင့်ပေါင်းထားသော ငါးခေါင်း
  • ထည့်လိုသောအသီးအနှံ ၂-၃ မျိုး (ခရမ်းသီး ၊ ပဲသီး ၊ အာလူး) *** အာလူးက ဒီမှာတော့ ပါတဲ့ ဆိုင်လဲ ပါတယ် ။  မပါတဲ့ ဆိုင်လဲ မပါဘူး ။ ဆိုင်တိုင်း ပါတာက ဂေါ်ဖီထုပ် များများ ထည့်တော့ ဟင်းပုဂံ လှတယ် ။   ငြုတ်စိမ်းပွ အရှည်တောင့်လဲ ထည့်ကြတယ် ။
  • မပါမဖြစ် ရုံးပတေသီး ၅တောင့်
  • စလုံး ပဲပြားပွကြော် ၃-၄ခု
  • Curry Leaf လို့ခေါ်တဲ့ ပျဉ်းတော်သိမ်ရွက်အနည်းငယ်

ပြုလုပ်နည်း

  1. ဟင်း အနှစ်ချက်ပြီးလျှင် သပ်သပ်တည်ချထားသော ငါးခေါင်း ပေါင်းအိုး ရဲ့ ငါးခေါင်း ပတ်ပတ်လည်မှာ ရုံးပတေသီးချန်၍ လှီးပြီး ဆားစိမ် ၊ ရေဆေး ထားတဲ့ အသီးအနှံတွေ ထည့်ပါ ။
  2. မီးဖိုပေါ်မှာ မီးအရှိန်အသင့်ထား၍ အဖုံး လုံလုံအုပ်ပြီး ၂မိနစ် အကြာ အုန်းနို့ (70ml) အနှစ် ဖေါက်၍ အပေါ်ကနေ ဖြန့်ထည့်ပါ ။
  3. ဆက်၍ သီးခြား ချက်ထားသော ငါးခေါင်း ဟင်းအနှစ်ကိုလဲ ဖြန့်ထည့်ပါ ။
  4. ပြီးလျှင် ရေနွေး အနည်းငယ်ဆွက်၍ အဖုံး လုံလုံ အုပ်ထားပါ ။
  5. ၅မိနစ် အကြာ အဖုံးဖွင့်၍ အရသာ မျှစေရန် ငါးခေါင်းကို တဖက် လှန်ပေးပြီး လက်ကျန် ရုံးပတေသီးနှင့် ပျင်းတော် သိမ်ရွက် (curry leaf) ထည့်ပြီး ၄မိနစ် ဆက်ထားပြီး ဟင်းအနှစ်ရည် လိုသလို မပြစ် မကျဲရလျှင် မီးပိတ်ထား၍ ချက်ချင်းစားလိုက စားလို့ ရပါပြီ ။
Credit: Kyaw Mar Lwin

Review

User Rating

2.3 (3 Votes)