ပဲလင်းမြွေသီးကို ဗုံလုံသီးလို့လည်း လူသိများကြပါတယ်။ မြွေပုံစံ ရှိတာကြောင့် ပဲလင်းမြွေသီးလို့ ခေါ်ကြတာပါ။ မိုးတွင်းမှာ တွေ့ရပြီး ချိုတဲ့ အရသာကို ဆောင်ပါတယ်။ နွယ်ပင်မျိုးနွယ် ဖြစ်တာကြောင့် စင် နဲ့ စိုက်ပျိုး ရတဲ့ အသီးအနှံ တစ်မျိုးပါ။

ဗုံလုံသီးကို ချက်စား၊ ကြော်စာကြပြီး နှစ်သက်တဲ့ အသားတစ်မျိုးမျိုးကို အစာသွပ်ပြီး ချက်စားကြပါတယ်။ တို့စရာ အနေနဲ့လည်း ပြုတ်ပြီး စားကြသလို ဟင်းချိုအဖြစ်လည်း ချက်ကြပါတယ်။ ဗုံလုံသီးဟာ ရေဓာတ်ပါဝင်မှု များတဲ့ အတွက် ကြော်ချက်ရာမှာ လွယ်ကူစေပါတယ်။

Snake Gourd Fry - Andhra Style Ingredients

ဗုံလုံသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အစိုဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ကယ်ရိုတင်း၊ နီအာစင်၊ ရီဘိုဖလာဗင် တို့ ပါဝင်ပြီး လူသား အကျိုးပြုတဲ့ ဓာတ်တွေဖြစ်ပါတယ်။ ဗုံလုံသီးဟာ အသည်းကို အကျိုးပြုပါတယ်။ ရေဓာတ်များတဲ့ အတွက် အရေပြား ခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ တီဘီရောဂါသမားတွေ စားသုံးဖို့ သင့်တော်တဲ့ အသီးဖြစ်ပြီး ချွဲ၊ သလိပ်ကို ကြေစေနိုင်ပါတယ်။

Potlakaya Kandipappu Kura 1

ကယ်လိုရီ ပါဝင်မှု နည်း တဲ့ အတွက် ကိုယ်အလေးချိန် ထိန်းနေသူတွေ အတွက် စိုးရိမ်စရာမလိုဘဲ စားလို့ ရပါတယ်။ အမျှင်ဓာတ်ကြောင့် ဆီးချိုရောဂါကို ကျစေနိုင်ပါတယ်။ ဝမ်းချုပ်နေသူတွေ အတွက် ဆေးတစ်မျိုးအဖြစ် စားသုံးလို့လည်း ရပါတယ်။ အဆိပ်အတောက် ပြေစေပြီး လေကိုလည်း ကြေစေပါတယ်။

ဗုံလုံသီးကို နှပ်စားမယ်ဆိုရင် ပုဇွန်ခြောက်လေးနဲ့ ရောချက်ပြီး နှပ်ရုံပါပဲ။ အစာသွပ်စားမယ်ဆိုရင်တော့ အထဲက အစေ့တွေ ထုပ်ပြီး ပုဇွန်၊ ဝက်သား၊ ကြက်သားတို့ကို ထည့်ပြီး ပြန်နှပ်စားလို့ ရပါတယ်။

Credit: organicfacts

Photo Credit: Snaplant.com