ကြက်သား၊ ဝက်သားစားရတာကို ငြီးငွေ့နေပြီဆိုတဲ့ မိသားစုဝင်တွေအတွက် ငါးဟင်းလေးပြောင်းချက်ကြည့်ရအောင်ပါ။ ငါးရံ့ကိုမှ ချဉ်ပေါင်ဟင်းလေးနဲ့ ရောပြီးချက်ထားတော့ အအီလည်းပြေပြီပေါ့။

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်ရွက် ( Roselle Leaves ) = 160 g ( ၁၀ ကျပ်သား )
  • မျှစ်ချို ( Fresh Bamboo Shoot ) = 100 g ( ၆ ကျပ်သားခန့်)
  • ငါးရံ့ ( Snake – Head Fish ) = 400 g ( ၂၅ ကျပ်သား )
  • ကြက်သွန်ဖြူ ( Garlic ) = 5 cloves ( ၅ တတ် )
  • ကြက်သွန်နီ ( Onion ) = 1 clove ( ၁ လုံး )
  • ငရုတ်ခြောက် ( Dried Chili ) = 3 numbers ( ၃ တောင့် )
  • ချင်း ( Ginger ) = a little ( အနည်းငယ် )
  • နနွင်းမှုန့် ( Ground Turmeric ) = ½ tsp ( ဝ.၅ လ္ဘက်ဇွန်း )
  • ခနောကြက်သားမှုန့် ( Knorr Chicken Powder ) = 2 tsp ( ၂ လ္ဘက်ဇွန်း )
  • ဆား ( Salt ) = 1 tsp ( ၁ ဇွန်း လ္ဘက်ဇွန်း )
  • မျှင်ငါးပိ ( Shrimp Paste ) = 1 tbsp ( ၁ ဇွန်း စားပွဲတင်ဇွန်း )
  • ငရုတ်ကောင်းမှုန့် ( Crushed Black Pepper) = a little ( အနည်းငယ် )
  • ငါးငံပြာရည် ( Fish Sauce ) = 2 tbsp ( ၂ ဇွန်း စားပွဲတင်ဇွန်း )
  • ပဲဆီသန့် ( Peanut Oil ) = 3 tbsp ( ၃ ဇွန်း စားပွဲတင်ဇွန်း)
  • ရေသန့် ( Water ) = 1.5 liters ( ၁.၅ လီတာ )
  • ရုံးပတီသီး ( Okra ) = 10 pcs ( ၁၀ တောင့် )
  • ငရုတ်သီးစိမ်း ( Bird’s Eye Chili ) = 10 pcs ( ၁၀ တောင့် )
  • နံနံပင် ( Coriander Leaves ) = a little ( အနည်းငယ် )

ချက်ပြုတ်ပုံအညွှန်း

ချဉ်ပေါင်ရွက် ကိုအရွက်ချွေပြီးသန့်စင်ထားရျွ် မျှစ်ချို နှင့် ရုံးပတီသီး ကိုလည်းလှီးပြီး သန့်စင်ထားပါ။ ငါးရံ့ကို အသားလွှာပြီး နနွင်းမှုန့်၊ ဆား ၊ ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည် အနည်းငယ်တို့ဖြင့်အရသာသွင်းထားပါ။

ငရုတ်ခြောက် ကို ရေစိမ်ရျွ် အစေ့ထုတ်ပြီး ချင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့နှင့် ဟင်းအနှစ်ရအောင်ထောင်းထားပါ။

ချဉ်ပေါင်ရွက် ကို မျှင်ငါးပိ ၊ ငါးငံပြာရည် ၊ ဆား ၊ ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ အရသာသွင်းထားသော ငါးရံ့ အနည်းငယ် တို့ဖြင့်ကျေညက်သည်အထိ ရေသန့်အနည်းငယ်ဖြင့် မွှေထားပါ။

အိုးထဲတွင် ပဲဆီသန့်ကို အပူပေးရျွ် နနွင်းမှုန့်နှင့် အသင့်ထောင်းထားသော ဟင်းအနှစ်ကို ဆီသတ်ပါ ။ ငရုတ်သီးဆီပြန်လျှင် အသင့်အရသာသွင်းထားသော ငါးရံ့အသားလွှာကို ထည့်ချက်ပါ။

ငါးရံ့ဆီပြန်လျှင် အသင့်မွှေထားသော ချဉ်ပေါင်ရွက် အနှစ် နှင့် မျှစ်ချို ထည့်ချက်ပြီး မျှင်ငါးပိ ၊ ငါးငံပြာရည် ၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား ၊ နံနံပင် အနည်းငယ် တို့ကို ရေသန့်ဖြင့် ရောချက်ပါ။

ငါးရံ့ နှင့် ချဉ်ပေါင်ဟင်း ကျက်လျှင် ငရုတ်သီးစိမ်း နှုင့် ရုံးပတီသီး ထည့်ချက်ရျွ် နံနံပင် အနည်းငယ် နှင့် အလှဆင်တည်ခင်းပါ။

Knorr