အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တုန်တုန်အိအိလေးနဲ့ အရသာရှိတဲ့ တို့ဖူးချက်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကင်ချီနဲ့ အသားတွေရောပြီး လုပ်ရမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • တို့ဖူး ၁ ထုပ်
  • ဝက်သား (သို့) အမဲသား (၁၀) ကျပ်သား
  • ကင်ချီ ခွက် တစ်ဝက် (အတုံးလေးတွေလှီးလိုက်ပါ)
  • ကြက်သွန်မြိတ်ကိုလည်း ခပ်ပါးပါးလှီးပါ
  • အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Tofu

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ အနည်းငယ်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

  • ရေ (သို့) ကြက်သားစွပ်ပြုတ်ရည်
  • ကင်ချီအရည်အနည်းငယ်
  • ကြက်ဥ ၁ လုံး (မထည့်လည်းရပါတယ်။)

ပြုလုပ်နည်း

အသား၊ ကင်ချီ၊ အရောင်တင်မှုန့်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ တို့ကို ထည့်ပြီးနယ်လိုက်ပါ။ ပြီးရင် အိုးထဲထည့်ပြီး အပူချိန်အနေတော်လောက်ထားပေးပါ။

အသားကျက်ပြီဆိုရင် ရေ (သို့) ကြက်စွပ်ပြုတ်ရည် ထည့်ပေးလိုက်ပါ။ ဆူလာပြီဆိုရင် ၃ မိနစ် ၄ မိနစ်ခန့်ထားလိုက်ပါ။

တို့ဖူးထည့်လိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့် ထည့်ပါ။ အဲဒီနောက် ခဏလေားထားပြီး ကြက်သွန်မြိတ် တောက်တောက်စဉ်းထည့်လိုက်ပါ။

ရပြီဆိုရင် မီးဖိုပေါ်ကချပြီး သုံးဆောင်လို့ရပါတယ်။

Source: www.koreanbapsang.com

By: MyFood Myanmar