လက်သည်း အက်ကွဲတာဟာ သေးငယ်တဲ့ ပြသနာပေမယ့် အမျိုးသမီးတိုင်းအာရုံထား ဂရုစိုက်တတ်ကြပါတယ်။ သာမန်ခိုင်ခံတဲ့ လက်သည်းမျိုးဆို ကိစ္စမရှိပေမယ့် ကြွပ်ဆတ်လွယ်တဲ့ လက်သည်းမျိုးကျပြန်တော့ အနည်းငယ်ထိမိရုံနဲ့ ကျိုးသွားတတ်ပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ဟော်မုန်းမညီမျှမှုကြောင့် ယင်းပြသနာကို ကြုံတွေ့ရတတ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ဗီတာမင်ဓာတ် နှစ်မျိူးနဲ့ သတ္တုဓာတ်နှစ်မျိုးကို အရင်ဆုံး လေ့လာသိရှိရမှာဖြစ်ပါတယ်။ ယင်းအာဟာရဓာတ် ၄မျိုးကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်စားပေးခြင်းဖြင့်လည်း ကြွပ်ဆတ်ကွဲအက်လွယ်သော လက်သည်းများကို ကုသလို့ရပါတယ်။

သွပ်ဓာတ် (Zinc)

သွပ်ဓာတ်ဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် သွပ်ဓာတ်ဟာ အမာရွတ်ပျောက်စေခြင်း၊ ရောဂါခုခံပေးခြင်း၊ လက်သည်းခြေသည်းနှင့် ဆံပင်ရှည်သန်ခြ င်းတို့အတွက်လည်း အင်မတန်အထောက်အကူပြုပါတယ်။ သွပ်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ပင်လယ်စာ၊ အဆီနည်းတဲ့အသား၊ အခြားသွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးခြင်းဖြင့် ကြွပ်ဆတ်အက်ကွဲလွယ်တဲ့ လက်သည်းတွေအတွက် တိုးတက်မှုတစ်ခုဖြစ်ပေါ်လာပါလိမ့်မယ်။

Taste.com.au Houghton Vale wines 201312

သံဓာတ်

Iron-rich foods, including eggs, spinach, peas, beans, red meat, liver, and raisins. Isolated on white.

သံဓာတ်ဟာ သွေးနီဆဲလ်ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ရင်တော့ ခန္ဓာကိုယ်ကျန်းမာရေးပြသနာ အများကြီးဖြစ်ရနိုင်ကိန်းရှိတဲ့အတွက် သံဓာတ်ချို့တဲ့သူအနေနဲ့ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးခြောက်၊ ပဲများ၊ အစိမ်းရင့်ရောင်အရွက်များ၊ အနီရောင်သန်းသောအသား၊ ကြက်ဆင်သားနှင့် ဥတွေစားသုံးပေးသင့်ပါတယ်။

ဗီတာမင် C

ဗီတာမင် C ဟာခန္ဓာကိုယ်က မထုတ်လုပ်ပေးနိုင်တဲ့အတွက် အစားအသောက်ကတစ်ဆင့်ရယူရတဲ့ အာဟာရဓာတ်တစ်မျိူးပါ။ ဗီတာမင် C လျော့နည်းရင် လက်သည်းအက်ကွဲခြင်းသာမကပဲ ဆံပင်ရှင်သန်ခြင်းကို နှေးကွေးလာစေနိုင်ပါတယ်။ ဗီတာမင် C ဟာ အရေးပါတဲ့ ပရိုတင်းဓာတ်တစ်ျမိုးဖြစ်တဲ့ collagen ဖြစ်ပေါ်ရာမှာ အရေးပါပါတယ်။ ယင်း Collagen ပရိုတင်းဓာတ်ဟာ ဆံပင်၊ လက်သည်း နှင့်ဆံပင် ရှင်သန်ခြင်းအတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကိုယ်တိုင် ဗီတာမင် C ကိုမထုတ်လုပ်နိုင်တဲ့အတွက် ဗီတာမင် C ပါဝင်တဲ့ ဘယ်ရီသီးများ၊ အချဉ်ဓာတ်ပါတဲ့ အသီးနှင့် ဖျော်ရည်များ၊ အစိမ်းရောင်ဟင်းရွက်များကို စားသုံးပေးပါ။

ဗီတာမင် B

အုပ်စု ဗီတာမင် B အုပ်စုထဲပါဝင်တဲ့ Biotin ဟာ လက်သည်းကျန်းမာရေးအတွက် အရေးပါပါတယ်။ Biotin ဟာအခြား ဗီတာမင် B အုပ်စုတစ်ခုလုံးကို သန်မာတောက်ပြောင်တဲ့ လက်သည်းများဖြစ်ထွန်းဖို့ စုပေါင်းလုပ်ဆောင်စေပါတယ်။ Biotin ဓာတ်ရရှိဖို့အတွက် အသည်း၊ ဂေါ်ဖီပန်း၊ မုန်လာဥနီ နှင့် ဆာလမွန်ငါးတို့ကိုစားသုံးပေးပါ။

the-importance-of-vitamin-b-for-exercise

ဒီအာဟာရဓာတ်တွေအားလုံးဟာ ခန္ဓာကိုယ်နှင့် လက်သည်းတွေကို ကျန်းမာစေပေမယ့် သွေးဆုံးခြင်းမှဖြစ်ပေါ်လာတဲ့ အခြားသောပြသနာများကို ကုသမပေးနိုင်ပါဘူး။