အားလုံးပဲမင်္ဂလာပါနော်။ ဈေးတန်းတွေ၊ ညဈေးတွေ၊ လမ်းထိပ်မှာရောင်းတဲ့အစားအစာဈေးတန်းတွေသွားတဲ့အခါ စားချင်စရာမှ စုံလို့ပါပဲ။

ဘယ်နေရာသွားသွားတွေ့ရလေ့ရှိပြီး၊ လှည်းလေးတွေနဲ့လည်းရောက်သလို၊ ဗန်းလေးတွေနဲ့လည်းရောင်းတဲ့ အစားအစာတချို့ကို မျှဝေပေးချင်ပါတယ်။

စာဖတ်သူတို့ကော ဘယ်လိုအစားအစာတွေကြိုက်လဲဆိုတာ မျှဝေပေးသွားခဲ့ပါဦးနော်။

၁။ မုန့်ဟင်းခါး

မုန့်ဟင်းခါးကတော့ မြန်မာတို့အကြိုက် မနက်စာတစ်ခုဖြစ်ပြီး မြို့တိုင်းရွာတိုင်းမှာ ရရှိနိုင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဘယ်နေရသွားသွားရရှိနိုင်သလို ပွဲတွေရှိတဲ့အခါ၊ အလှူတွေရှိတဲ့အခါမှာလည်း မုန့်ဟင်းခါးကိုချက်ကျွေးကြပါတယ်။

၂။ မုန့်လင်မယား

မုန့်လင်မယားကလည်း မြန်မာတို့အကြိုက်လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပါတယ်နော်။ မုန့်လင်မယားကို နေရာတိုင်းလိုလိုမှာ ဝယ်ယူစားသုံးနိုင်ပါတယ်။

၃။ ဘိန်းမုန့်

ဘိန်းမုန့်ကိုလည်း ရွှေမြန်မာတို့ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ဘိန်းမုန့် အချို ၊ အငန်မိမိနှစ်သက်ရာကို ဝယ်ယူစားသုံးနိုင်ပါတယ်နော်။ စာဖတ်သူတို့လည်းအကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

၎။ လက်ဖက်စုံသုပ်

လက်ဖက်သုပ်ကိုလည်း နေရာတိုင်းလိုလိုမှာ ရရှိနိုင်ပါတယ်နော်။ အရသာလည်းရှိပြီး အစာပြေအနေနဲ့လည်း စားသုံးလေ့ရှိကြပါတယ်။

၅။ တို့ဟူးကြော်

တို့ဟူးကြော်ကိုလည်း စာဖတ်သူတို့ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ ရှမ်းပြည်က အစားအစာတစ်မျိုးဖြစ်ပြီး အရသာလည်းရှိတာမို့ နာမည်ကြီးတဲ့အစားအစာတစ်မျိုးပါပဲ။

နောက်ထပ်အစားအစာတွေကိုမျှဝေပေးရမယ်ဆိုရင်တော့

အကင်

ပုရစ်

အကြော်

ဝက်သားတုတ်ထိုး

လမ်းသရဲမုန့် (သို့) ရေမုန့်

By: MyFood Myanmar