အစာ မစားနိုင်တော့တဲ့ အချိန်တွေမှာပဲဖြစ်ဖြစ် အစာ မစားချင်တဲ့ အချိန်ပဲ ဖြစ်ဖြစ် ဖျားနာနေတဲ့ အချိန်တွေမှာ ဖြစ်ဖြစ် စွပ်ပြုတ်တွေကို သောက်ကြပါတယ်။ အချို့ကလည်း ကြက်သားကို ပေါင်းပြီး စွပ်ပြုတ် ချက်ကြသလို အချို့ကလည်း ကြက်ရိုး၊ ဆိတ်ရိုး၊ အမဲရိုး စသည်ဖြင့် အရိုးတွေနဲ့ ချက်ပြုတ်ပြီး သောက်ကြပါတယ်။ အရိုးပေမယ့် အထင်မသေးပါနဲ့။ အားကို အမြန်ဆုံး ပြန်လည် ပြည့်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အရိုးဆန်ပြုတ်တွေဟာ အစာကို ကြေလွယ်စေပြီး ရိုးတွင်းချင်ဆီကို အားဖြည့်ပေးပါတယ်။ အခြား ကျန်းမာရေးအကျိုးဖြစ်စေမယ့်အ ချက်တွေကတော့

၁။ ကူးစက်ရောဂါတွေကို တားဆီးနိုင်

တုပ်ကွေးလို ကူးစက်လွယ်တဲ့ ရာသီကြောင့် ဖြစ်တဲ့ ရောဂါတွေဟာ စိတ်တိုစရာ ကောင်းပါတယ်။ ကြက်ရိုးဆန်ပြုတ် ဒါမှမဟုတ် ကြက်ရိုးစွပ်ပြုတ်တွေဟာ တုပ်ကွေးကို ခုခံကာကွယ်နိုင်စွမ်း ရှိသလို အဖျားသက်သာပြီး အားအမြန်ပြည့်အောင် သောက်ပေးရင်လည်း ရပါတယ်။

၂။ အရိုးအဆစ် ရောင်ရမ်းနာကျင်တဲ့ ရောဂါတွေကို သက်သာစေနိုင်

စွပ်ပြုတ်တစ်ခွက်ကို နေ့တိုင်း သောက်ပေးရုံနဲ့ အရိုးအဆစ် ရောဂါတွေကနေ အဝေးကို ခေါ်ထုတ်ပေးပါလိမ့်မယ်။ ကြက်ရိုး၊ ဆိတ်ရိုးနဲ့ အမဲရိုးတွေဟာ ပျက်ဆီးနေတဲ့ အရိုးအဆစ်တွေကို ပြန်ပြီး ကောင်းမွန်အောင် ပြုပြင်ပေးနိုင်သလို ရိုးတွင်းချင်ဆီအားတွေကိုလည်း အသစ်ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

bone

၃။ အရိုးတွေ သန်မာစေဖို့ ကူညီနိုင်

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အရိုးဆန်ပြုတ် စွပ်ပြုတ်တွေဟာ မက်ဂနီဆီယမ်နဲ့ ဖော့ဘရိတ်တို့လို ဓာတ်တွေကိုလည်း ပေးပါတယ်။ အရိုးတွေ ကျန်းမာစေဖို့ အတွက် အရိုးဆန်ပြုတ် ပြုတ်မသောက်ရင်တောင် စွပ်ပြုတ်လောက်တော့ သောက်သင့်ပါတယ်။

၄။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတ်တွေကို မျှတအောင်စွမ်းဆောင်ပေးနိုင်

အရိုးတွေထဲမှာ Amino Acid ဆိုတဲ့ တစ်မျိုးဟာ ကိုယ်ထဲကို အစွမ်း သတ္တိတွေ ပေးနိုင်တဲ့ အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပြီး စိတ်ကိုလည်း အေးချမ်းစေနိုင်ပါတယ်။

၅။ လက်သည်းခြေသည်းနဲ့ ဆံပင်တွေကို ကောင်းမွန်စေနိုင်

အရိုးစွပ်ပြုတ်တွေဟာ ကောင်းမွန်တဲ့ အသားအရေနဲ့ ဆံသားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

အိမ်တွင်းမှာပဲ ပြုလုပ်တဲ့ အရိုးဆန်ပြုတ်၊ စွပ်ပြုတ်တွေဟာ အကောင်းဆုံး ဆေးတွေ အဖြစ် အာဟာရပညာရှင်တွေက သတ်မှတ်ထားပါတယ်။ အရိုးတွေကို ဖြည်းဖြည်းချင်း နူးအောင် ပြုတ်ပြီး ချက်ပြုတ်ပေးရင် ပိုကောင်းပါတယ်။