ရုံးပတီသီး ဟင်းရည်

Share this on:

ခြံထွက် ရုံးပတီသီးနုနုလေးတွေကို ဘယ်လိုချက်စားရင်ကောင်းမလဲ စဉ်းစားလိုက်တော့ အလွယ်တကူ  ဟင်းချိုလေးချက်စားဖို့ကို စိတ်ကူးရလိုက်ပါတယ် ။

Okra

ပါဝင်ပစ္စည်းများ

  • ရုံးပတီသီး - ၁၀ တောင့်
  • ကြက်သွန်ဖြူ - ၃ မွှာ
  • ကြက်သွန်နီ - တခြမ်း
  • ငရုပ်ကောင်းစေ့ - ၅စေ့ခန့်
  • ပုစွန်ခြောက် ( သို့ ) ပုဇွန်ငါးပိ - အနည်းငယ်
  • ငံပြာရည် - အနည်းငယ်
  • ဟင်းခတ်မှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ရုံးပတီသီးကို အတောင့်လိုက်ရေဆေးပြီးတော့မှ အမြီးဖြတ် ၊ ထိပ်ဖျားလေးဖြတ်ပြီးတော့မှ ရုံးပတီသီးကို အရွယ်တော်လေး သုံးပိုင်း ပိုင်းထားပေးပါ ။
  2. ကြက်သွန်နီကို အခွံနွှာ ပါးပါးလှီးထားပါ (မကြိုက်ပါက ထည့်စရာမလိုပါ) ။ ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးပြီး ဓားပြားရိုက်ပြီး ထားပါ ။ ပုဇွန်ငါးပိကို ရေနှင့်ဖျော်ထားပါ ။
  3. အားလုံးအသင့်ဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ် ဒန်အိုးကို ရေသင့်တင့်ရုံထည့်ပြိး ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ပုဇွန်ငါးပိဖျော် ၊ ဆား ၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ရေဆူလာသည့်အထိ တည်ထားပါ ။
  4. ရေဆူလာပါက အရသာမြည်ပြီး ပေါ့နေပါက ဆား အနည်းငယ် ထပ်ထည့်ပြီး ရုံးပတီလေးတွေကို ထည့် ၊ အဖုံးခေတ္တ ပိတ်၍ ပူပူနွေနွေလေး ချပြိး သုံးဆောင်နိုင်ပါသည် ။

ပင်စိမ်းရွက်ကို ကြိုက်နှစ်သက်ပါက ထည့်နိုင်ပါသည် ။

My Food Myanmar

Review

User Rating

4 (6 Votes)