အသားတွေမစားချင်လို့ အသီးအရွက်ပြောင်းစားလိုပေမယ့်လည်း အရသာကပေါ့ရွှတ်နေရင်လည်း ပါးစပ်ထဲမှာ ခံတွင်းကို တွေ့မှာမဟုတ်ပါဘူးနော်။ ဒါကြောင့် အသုပ်လေးသုပ်ပြီး အရသာလည်း ခံတွင်းမြိန်စေမယ့် အသီးအရွက်ချဉ်ငံစပ်ထောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

ကလေးတွေကတော့ စပ်လို့စားနိုင်မှာမဟုတ်ပေမယ့်လည်း လူကြီးတွေကတော့ အလွန်အကြိုက်တွေ့မှာပါ။

ပါဝင်ပစ္စည်းများ

  • မျှစ်
  • ကန်စွန်းရွက်
  • မှို
  • ခရမ်းကျွတ်သီး
  • ပဲသီး

  • ခရမ်းချဉ်သီး
  • စိမ်းစားငါးပိ
  • ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီ
  • ပုဇွန်ငံပြာရည်
  • သကြား

  • မန်ကျည်းမှည့်
  • သံပုရာသီး
  • မုန့်ဟင်းခါးဖတ်
  • အသားလုံး
  • အမဲအူကြမ်း

ပြုလုပ်နည်း

ယိုးဒယားသဘောၤသီးထောင်းစားသလိုမျိုးပါပဲ အသားလုံးရယ်၊ အသီးအရွက်တွေကို ချဉ်ငံစပ် ထောင်းထားတာပါ။ အမဲသားစားရင် ပြုတ်ထားတဲ့ အမဲအူကြမ်း ထည့်ပြီး သုတ်လို့လည်း ရပါတယ်။

မျှစ်၊ ကန်စွန်းရွက်၊ မှို ၊ ခရမ်းကျွတ်သီး၊ ပဲသီး ၊ ခရမ်းချဉ်သီး၊ မုန့်ဟင်းခါးဖတ်တို့ကို စိမ်းစားငါးပိ မီးဖုတ်ပြီး ငရုတ်သီးစိမ်း၊ မကျည်းမှည့် ၊ သကြား၊ သံပုရာသီး တို့နဲ့ ချဉ်ငံစပ်ရောပြီး ထောင်းထားပါ။ အပေါ့အငံမြည်း၍ လိုအပ်လျှင် ပုဇွန်ငံပြာရည်ကို ထည့်ပါ။

Credit: အိမ်ဟင်းလေးတခွက်