အားလုံးပဲမင်္ဂလာပါ။ မနက်ခင်းမိုးလင်းလို့ မနက်စာကို ထမင်းစားရမှ ကျေနပ်တယ်ဆိုတဲ့ MyFood Myanmar စာဖတ်ချစ်ပရိတ်သတ်များအတွက် ထမင်းကြော်တစ်ပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အရသာအလွန်ရှိပြီး ပြင်ဆင်ချိန်ကလည်း ဆယ်မိနစ်ပဲကြာလို့ အကောင်းဆုံးပဲပေါ့။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနောက် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းအဖြူမှုန့် – လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံ

  • အသားအဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်း
  • ကြက်ဥ (ခေါက်ပြီးသား) – ၂ လုံး
  • ထမင်း – ၃-၄ ခွက်
  • ကြက်သွန်မြိတ် (လှီးပြီးသား) – ၃ ပင်
  • ဆား

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ပဲငံပြာရည်အကြည်၊ အနောက်၊ သကြားနှင့် ငရုပ်ကောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်ခုထဲရောထည့်ပြီး သေချာမွှေပေးပါ။

၂။ အသားအဆီကို မကပ်တဲ့ ဒယ်အိုးအကြီးထဲမှာထည့်ပြီး အနေတော်မီးမှာ အဆီပျော်သွားတဲ့အထိ အပူပေးပါ။

၃။ နောက်ပြီး ကြက်ဥခေါက်ပြီးသားတွေကိုထည့်လိုက်ပြီး အောက်ခြေကျက်သွားတဲ့အထိကြော်ပါ။

၃။ ကြက်ဥကျက်သွားရင် မီးမြှင့်လိုက်ပြီး ကြက်ဥပေါ်မှာ ထမင်းတွေတင်လိုက်ပါ။ ကြက်ဥနဲ့ထမင်းတွေကို သေချာရောသွားအောင် မွှေပစ်ပြီး ရှဲရှဲမြည်သံကြားတဲ့အထိ ကြော်ပေးပါ။

၄။ ပြီးရင် ပဲငံပြာရည်အရောကိုလောင်းထည့်လိုက်ကာ ထမင်းအကုန်အရောင်ပြောင်းသွားတဲ့အထိ အဆက်မပြတ်မွှေပေးပါ။

၅။ ကြက်သွန်မြိတ်လေးတွေလည်း ပေါင်းထည့်ကာ နောက်ထပ်နှံ့အောင် မွှေပေးပါ။

၆။ ထမင်းနည်းနည်းယူလိုက်ပြီး အရသာမြည်းကြည့်ကာ လိုအပ်ပါက ဆားနည်းနည်းထည့်ကာ ဆားနှံ့သွားအောင် ထပ်မွှေပေးပါ။

ပြီးရင်တော့ ထမင်းကြော်တွေကို စားမယ့်ပန်းကန်ထဲပြောင်းထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: omnivorescookbook.com