အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထမင်းကို တခါတလေ ဟင်းနဲ့မစားဘဲ ရိုးရိုးရှင်းရှင်းနဲ့ စားချင်တဲ့သူတွေအတွက် ပဲပင်ပေါက်ထမင်းသုပ်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဆန် တစ်ခွက်
  • ရေ တစ်ခွက်ခွဲ
  • ပဲပင်ပေါက်အနည်းငယ်
  • အမဲသားအနည်းငယ်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဝိုင် အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ကင်မ်ချီ ပါးပါးလှီး တစ်ခွက်
  • ကင်မ်ချီအရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ဆော့လ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့်အနည်းငယ်
  • နှမ်းအနည်းငယ်

  • ကြက်သွန်ဖြူတောက်တောက်စဉ်းအနည်းငယ်
  • သကြားအနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင်ခန့် (ပါးပါးလှီးပါ)

ပြုလုပ်နည်း

အရင်ဆုံးဆန်ကိုရေဆေးလိုက်ပါ။

အမဲသားကိုပါးပါးလှီးလိုက်ပြီး ပဲငံပြာရည်၊ ဝိုင်နဲ့ ကြက်သွန်ဖြူတို့နဲ့နယ်ပေးလိုက်ပါ။ ကင်ချီကိုလည်း ပါးပါးလှီးလိုက်ပါ။ ပြီးရင်တော့ ဆီနည်းနည်းထည့် အိုးကိုအပူပေးလိုက်ပြီး ကင်ချီနဲ့ အသားကိုကျော်ပေးလိုက်ပါ။

ပြီးရင်တော့ အဲဒီလိုကြော်နေရင်းနဲ့ ကင်မ်ချီအရည်နည်းနည်းထည့်လိုက်ပါ။

ပဲပင်ပေါက်ကို ထမင်းပေါ်မှာတင်လိုက်ပြီးအဲဒီအပေါ်ကနေ ကင်မ်ချီနဲ့ အသားကြော်ထည့်လိုက်ပါ။ ပြီးရင်တော့ ထမင်းကိုချက်ပေးလိုက်ပါ။

ထမင်းချက်နေတဲအချိန်မှာ ဆော့လ်ကိုပြင်ဆင်ထားပါ။

ထမင်းရပြီဆိုရင်တော့ အပေါ်ကနေ ဆော့လ်လေးနည်းနည်းထည့်လိုက်ပြီး သုံးဆောင်နိုင်ပါတယ်နော်။

Source: www.koreangapsang.com

By: MyFood Myanmar