အားလုံးပဲမင်္ဂလာပါရှင့်။ ဒီတခါမှာတော့ ပုစွန်ကို အရသာရှိရှိ ချဉ်ချဉ် စပ်စပ်လေး သုပ်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုစွန်ပြုပ် (အကောင်လတ် ( ၁၀ ကောင်ခန့်) )
  • ပါးပါးလှီးထားသော ကြက်သွန်နီ ၁ လုံး
  • ပါးပါးလှီးထားသော .. အစေ့မပါ ခရမ်းချဉ်သီး တစ်လုံး
  • ပါးပါးလှီးထားသော နံနံပင် အနည်းငယ်
  • သံပုရာသီး တစ်ခြမ်း
  • ငရုတ်သီးစိမ်း ၃ တောင့်
  • ဆား အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ဟင်းခတ်မှုန့် ( အနည်းငယ် )
  • ပဲပြား အနည်းငယ် (မထည့်ချင်လည်းရပါတယ်)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို အတူတကွ ရောလိုက်ပြီး ခပ်ဖွဖွလေး သုပ်ပေးရမှာဖြစ်ပါတယ်။ ပြုလုပ်ရတာလည်း မခက်ဘဲ အရသာလည်းရှိတာမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။

By: MyFood Myanmar