လွယ်ကူရိုးရှင်းတဲ့ ကြက်ခြေထောက် ချဉ်စပ်သုပ်လေး ချက်စားရအောင်။

ပါဝင်ပစ္စည်း

ကြက်ခြေထောက်      ၁၀ ချောင်း

ငရုတ်သီး                ၅ တောင့်

ခရမ်းချဉ်သီး          ၁ လုံး

နံနံပင်                    ၁ စီး

ကြက်သွန်နီ             ၂ ဥ

ကြက်သွန်ဖြူ            ၂ လုံး

သံပုရာသီး               ၁ လုံးခွဲ

ငံပြာရည်                 အနည်းငယ်

ဆား                      အနည်းငယ်

ဆီ

ပြုလုပ်နည်း

ကြက်ခြေထောက်ကို ရေဆေးပါ။ ကြက်ခြေထောက်မှာ ကပ်နေတဲ့ အခွံလေးကို ဓားနဲ့ သေချာ ခြစ်ထုတ်ပါ။ ရေဆေးပြီး အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။

ပွက်ပွက်ဆူလာရင် ကြက်ခြေထောက်တွေထည့်ပါ။ နူးပြီး အိလာရင် ကြက်ခြေထောက်တွေကို ဆယ်လိုက်ပါ။အရိုးကို ထုတ်ပါ။

ကြက်သွန်ဖြူ၊ နီ တို့ကို ပါးပါးလှီးပြီး ကြက်ခြေထောက်ထည့်ထားတဲ့ ပန်းကန်ထဲထည့်ပါ။ နံနံပင် ၊ ငရုတ်သီးစိမ်းကို အနေတော်လေး ညှပ်ပြီး ထည့်ပါ။

ဆီကို ကျက်အောင် ချက်ပြီး အနည်းငယ်လောက်ကို ထည့်ပါ။ ဆား၊ ငံပြာရည် အသင့်တင့် ထည့်ပြီး သံပုရာသီးကို ညှစ်ထည့်ပါ။ နယ်လိုက်ရင် လွယ်ကူ ရိုးရှင်းတဲ့ ကြက်ခြေထောက် ချဉ်စပ်သုပ်ရပါပြီနော်။

ကြက်ခြေထောက်ချဉ်စပ်သုပ်