အားလုံးပဲ မင်္ဂလာပါ။ ကြက်သားအစပ်ချက်စားရတာကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ် ကြက်သားငရုတ်ပွ အစပ်ချက်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်ခွဲ (အတုံးသေး တုံးထားပါ)
  • ငရုတ်ပွ ၃ တောင့် (လက်မဝက်အရွယ်အစားခန့် လှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (အနေတော် အရွယ်အစားခန့် လှီးဖြတ်ထားပါ)

  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အလုံပိတ်အိတ် တစ်လုံးထဲတွင် ကြက်သားတုံးနဲ့ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၁၀ မိနစ်ပြည့်ပါက ဒယ်အိုးတစ်လုံးထဲတွင် သံလွင်ဆီကို အပူပေးပြီး ကြက်သားများထည့်ကာ ၃ မိနစ်ခန့် မွှေထားလိုက်ပါ။

ငရုတ်နှစ်နဲ့ ကျန်ရှိနေသော ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်တို့ကို ထပ်ထည့်ကာ ရောမွှေပေးလိုက်ပါ။

ငရုတ်ပွထပ်ထည့်ပြီး ထပ်မံမွှေပေးလိုက်ပါ။

ထို့နောက် ကြက်သွန်မြိတ်များထပ်ထည့်ကာ ထပ်မွှေပေးရပါမယ်။

ငါးမိနစ်ခန့်ကြာအောင် မွှေပေးပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်ကချပြီး ပန်းကန်ပြားထဲပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ တရုတ်ဟင်းလျာတစ်မျိုးဖြစ်တဲ့ ကြက်သား ငရုတ်ပွအစပ်ချက်ဟင်းတစ်ခွက် ရရှိသွားပြီ ဖြစ်ပါတယ်။

Source: Ohsnapletseat.com