အမဲသားကို သူ့ချည်းပဲချက်စားတော့ ရိုးအီနေလောက်ပြီပေါ့နော်။ အရသာအသစ်အဆန်းလေးဖြစ်သွားအောင် သီးစုံအမဲသားဟင်း စပ်စပ်လေး မချက်စားချင်ကြဘူးလား။

ပါဝင်ပစ္စည်းများ

  • အနေတော်အတုံးခန့် တုံးထားသော အမဲသား ၁၀ တုံးခန့်
  • အုန်းနို့ ပန်းကန်လုံး တစ်ဝက် (၁၁၈ မီလီလီတာခန့်)
  • ဟင်းခပ်မှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ခရမ်းချဉ်သီး ၁ လုံး၊ ၂ လုံးခန့်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ အသေးတစ်လုံး (ပါးပါးလှီးထားပါ)
  • ဆီ အနည်းငယ်
  • မုန်လာဥနီ၊ မုန်လာဥဖြူနဲ့ ကန်းစွန်းဥ အတုံးအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အမဲသားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်တို့နဲ့ နယ်ထားပြီး မိနစ် ၃၀ ခန့် ထားထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ အမဲသားများထည့်ချက်လိုက်ပါ။ အမဲသားများ အညိုရောင်သမ်းလာတဲ့အခါ ကန်စွန်းဥ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတို့ထည့်ပြီး ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ ရေအနည်းငယ်ထည့်ပြီး အသားနဲ့ ဟင်းသီးဟင်းရွက်များနူးအောင် ပြုလုပ်ပေးရပါမယ်။ အမဲသားများ နူးတဲ့အချိန်အထိ လိုအပ်ပါက ရေထပ်ထည့်ပေးရပါမယ်။

၄။ အမဲသားကျက်သွားတဲ့အခါ မုန်လာဥအတုံးများထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ အုန်းနို့နဲ့ ဟင်းခပ်မှုန့်များထည့်ပြီး ၃ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ သီးစုံ အမဲသားဟင်းတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

စားခါနီးကျမှ ငုံးဥပြုတ်လေး ထည့်ထပ်ပြီး စားလို့လည်း ရသလို၊ ချက်ပြီးသားဟင်းလျာအတိုင်း အရသာရှိရှိသုံးဆောင်လို့လည်း ရပါတယ်။

Source: 1qfoodplatter.com