အသားတွေဝါးရတာညောင်းလာပြီ၊ ဆီတွေစားရတာအီလာပြီဆိုရင် ဒီဟင်းလျာလေးကို စမ်းချက်ကြည့်ပါ။ ငါးပိကောင် အစပ်ကြော်ဆိုတဲ့အတိုင်း အငံရော၊ အစပ်အရသာပါ ပေါင်းစပ်နေလို့ အခြားဟင်းလျာတောင်ထပ်ချက်စရာမလိုတော့ပါဘူး။ ဒီလိုဟင်းလျာလေးက အရည်ဟင်းလေးတွေနဲ့ဆို အလွန်လိုက်ဖက်လွန်းပါတယ်။ စားရတာ ခံတွင်းမြိန်စေမယ့် ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ငါးဖမ်းမ
ဆီ
ကြက်သွန်ဖြူ
ငြုပ်သီးခြောက်

ပြုလုပ်ပုံ

ငါးဖမ်းမ အကောင်သေးလေးများကို ၂ ပိုင်း ပိုင်းပြီး ရေစိမ်ထားပါ။ ငြုပ်သီးခြောက် ညှက်အောင်ထောင်းပြီး ညှက်လျှင် ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဆီကို ဒယ်အိုးထဲတွင် ပူအောင်တည်ပါ။

ဆီပူလာလျှင် ရေစိမ်ထားသော ငါးဖမ်းမများကို မီးအေးအေးဖြင့် ဟိုဖက် ဒီဖက် လှန်၍ ကြွတ်အောင်ကြော်ပါ။ ပြီးလျှင် အိုးနှုတ်ခမ်းနားကပ်ပြီး အလည် ဆီနေရာချဲကာ ထောင်းထားသည့် ငြုပ်ရုပ်သီးခြောက်နှင့် ကြက်သွန်ဖြူ ထည့်ကြော်ပါ။

အနံ့မွှေးလာလျှင် နံဘေးမှ ကြော်ပြီးသား ငါးဖမ်းမများ ထည့်ရောမွှေကာ မီးဖိုပေါ်မှ ချလို့ရပါပြီ။

Credit: Pan Pan