အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တို့ဖူးကို ကြက်သွန်ဖြူလေးနဲ့ စပ်စပ်လေး ချက်စားနည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • တို့ဖူး ၁ ထုပ် (အတုံးလေးတွေလှီးလိုက်ပါ)
  • ကြက်သွန်ဖြူ ၁၀ မွှာပါးပါးလှီးပါ
  • ဝက်သားတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်နီ အကြီး ၂ လုံး ပါးပါးလှီးပါ
  • ဆီ စားပွဲတင်ဇွန်း ၃ဇွန်း

  • ပဲပုပ်အနှစ် စားပွဲတင်ဇါန်း ၁ ဇွန်း
  • ဝိုင် ခွက်တစ်ဝက်
  • ငရုတ်ကောင်းအနည်းငယ်
  • သကြား အနည်းငယ်
  • နှမ်းဆီအနည်းငယ်

  • ကြက်သားပြုတ်ရည် (သို့) အသီးအရွက်ပြုတ်ရည် ၁ ခွက်ခွဲ
  • ကော်မှုန်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းရောပါ
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးပါ)
  • ဆား

ပြုလုပ်နည်း

အရင်ဆုံး ဆီကိုအပူပေးလိုက်ပါ။ ကြက်သွန်ဖြူထည့်လိုက်ပါ။ ရွှေရောင်လေးသန်းလာရင် ဝက်သားထည့်ပါ။

ဝက်သားရခါနီးရင် ကြက်သွန်မြိတ်ထည့်လိုက်ပါ။

ကြက်သွန်မြိတ် နွမ်းသွားရင် ပဲပုပ်အနှစ်၊ နှမ်းဆီ၊ ငရုတ်ကောင်း၊ သကြားဈ ဝိုင်တို့ကိုထည့်လိုက်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အပျစ်အကျဲအနေအထားရောက်ရင်တော့ ကြက်စွပ်ပြုတ် (သို့) အသီးအရွက်ပြုတ်ရည်ထည့်လိုက်ပါ။

တို့ဖူးနဲ့ ဆားထည့်ပါ။ ညင်သာစွာမွှေလိုက်ပါ။ ဆူလာရင် ၂ မိနစ်လောက်ထားပါ။

ကြက်သွန်ဖြူ တို့ဖူး စပ်စပ်လေး ချက်စားကြမယ်

အဲဒီနောက် ကော်ရည်ထည့်လိုက်ပါ။ ကြက်သွန်မြိတ်ထည့်လိုက်ပြီး ညင်သာစွာမွှေပါ။ ခပ်ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.thewokoflife.com

By: MyFood Myanmar