အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လူတိုင်းကြိုက်တဲ့ သင်္ဘောသီးအစိမ်းထောင်း ချဉ်ချဉ်စပ်စပ်လေးထောင်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

သင်္ဘောသီးထောင်းက အရှေ့တောင်အာရှမှာ သိပ်ကို နာမည်ကျော် လူကြိုက်များတဲ့ အစားအစာဖြစ်ပြီး ကမ္ဘာနဲ့ အနှံ့မှာလည်း လူသိများ ကျော်ကြားပါတယ်။

သင်္ဘောသီးထောင်းနည်းတွေကတော့ အများကြီးရှိပါတယ်နော်။ ဒီစာရေးသူကလည်း သင်္ဘောသီးထောင်း ချဉ်ချဉ်စပ်စပ် ပြုလုပ်နည်းကို မျှဝေပေးသွားပါမယ်နော်။

ပါဝင်ပစ္စည်း

  • သင်္ဘောသီး
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး
  • ငရုတ်သီး

  • သံပယိုသီး (သို့) သံပရာသီး
  • ဆား
  • ကြံသကာရည် (သို့) သကြား အနည်းငယ်
  • ငပိ

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်ဖြူ ၊ ဆား၊ သကြား၊ ငပိတို့ကို ထောင်းလိုက်ပါ။

ပြီးရင်တော့ အပေါ်ကနေ သဘောင်္သီးထည့်လိုက်ပြီး ခရမ်းချဉ်သီးလည်းထည့်လိုက်ပါ။

ခပ်ဖွဖွလေး ထောင်းပေးလိုက်ပြီး သံပယိုသီး (သို့) သံပရာသီး ညှစ်ထည့်လိုက်ပြီး သေချာနှံအောင် မွှေပေးလိုက်ပါ။

အဲဒီနောက် ဂေါ်ဖီထုပ်၊ ဝက်ခေါက်တို့နဲ့ တို့စားပေးလိုက်ပါနော်။

Source: www.padaek.com

By: MyFood Myanmar