အာလူးကြော် စပ်စပ်လေး ကြော်စားချင်သူတွေအတွက် ငရုတ်ပွနဲ့ရောကြော်ထားတဲ့ အိန္ဒိယစတိုင်လ် အာလူးကြော် ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ တစ်လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • မဆလာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ပွအနီတစ်တောင့်နှင့် ငရုတ်ပွအစိမ်းတစ်တောင့်

ကြော်လှော်နည်းအဆင့်ဆင့်

ဒယ်အိုးကို အရင်ဆုံးအပူပေးပြီး ဆီထည့်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ထည့်ပြီး ၅ မိနစ်ခန့် ကြော်လှော်ပေးလိုက်ပါ။

ဆား၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်နဲ့ မဆလာတို့ထည့်ပြီး တစ်မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။ ကြော်လှော်ထားသည့် အရောအနှောများက ခြောက်ကပ်ကပ်ဖြစ်နေပါက ရေနည်းနည်းထပ်ထည့်ပေးနိုင်ပါတယ်။

အာလူးကို အခွံခွာ၊ ရေဆေးပြီးနောက် အနေတော်အတုံးများ တုံးလိုက်ပါ။ ငရုတ်သီးတောင့်ကိုလည်း အာလူးနဲ့ အရွယ်အစားတူလှီးဖြတ်ထားလိုက်ပါ။

ထို့နောက် အာလူးနဲ့ ငရုတ်သီးများကို ဒယ်အိုးထဲထည့်ပြီး ဟင်းခပ်မှုန့်များဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မီးအပူချိန်ကို လျော့ပေးပြီးနောက် ဒယ်အိုးအဖုံးအုပ်ထားကာ မိနစ် (၂၀) ခန့် တည်ထားလိုက်ပါ။

အာလူးများ နူးညံ့ပျော့ပျောင်းသွားပြီဆိုမှ မီးဖိုပေါ်က ချလိုက်ကာ ပန်းကန်ထဲပြောင်းထည့်ပြီး ထမင်းနဲ့တွဲစားရင်ပဲဖြစ်ဖြစ်၊ အဆာပြေ သရေစာမုန့်အနေနဲ့ပဲဖြစ်ဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: kitchenbowl.com