အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အားလုံးကြိုက်ပြီးသားဖြစ်တဲ့ ကြက်သား အာလူးချက် စပ်စပ်လေး ချက်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သား ၁ ကီလိုဂရမ်
  • ရေ ၁ ခွက်
  • အာလူး ၂ လုံး
  • မုန်လာဥနီ ၁ လုံး

  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်မြိတ် တစ်ချောင်း ပါးပါးလှီးပါ
  • နှမ်းလှော် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်လုပ်ရန်

  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် နဲ့ ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ကို ရေ ၅ ခွက် ၆ ခွက်လောက် ကို ဆူအောင်တည်လိုက်ပါ။ ပြီးရင်တော့ ကြက်သားထည့်ပြီး ၁ မိနစ်လောက်ပြုတ်လိုက်ပါ။ ရေကိုဆစ်လိုက်ပါ။

အဲဒီနောက် အိုးအသန့်ထဲမှာ ကြက်သားထည့်လိုက်ပါ။ ဆော့လ်လုပ်တဲ့ပါဝင်ပစ္စည်းနဲ့ ရေထည့်လိုက်ပါ။ ဆူအောင်တည်လိုက်ပြီး အုပ်ထားပါ။

အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီ တို့ကိုထည့်ပြီး နောက်ထပ် ၇ မိနစ်ခန့် ထပ်ပြုတ်ထားပါ။ အဖုံးအုပ်ထားပါ။

အဲဒီနောက် အဖုံးဖွင့်ပြီး ကြက်သားကို ရွရွလေးမွှေပေးလိုက်ပါ။ ကြက်သားနဲ့အာလူး နူးသွားတဲ့အထိ နောက်ထပ် ၈ မိနစ်လောက် အုပ်ထားပေးပါ။

ကြက်သွန်မြိတ်ကိုဖြူးလိုက်ပြီး နှမ်းစေ့ကို မွှေးအောင်ထည့်လိုက်ပါ။

အဲဒီနောက် ထမင်းပူပူနဲ့ သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar