ပဲပြားဟင်းလျာချက်ပြုတ်တဲ့အခါ ပြုလုပ်နည်းအဆင့်ဆင့်က လွယ်ကူရိုးရှင်းပါတယ်။ အရေးကြီးဆုံးအချက်က အချဉ်ဆော့စ်ကို အချိုးကျကျရောစပ်တတ်ဖို့ပဲဖြစ်ပါတယ်။

ကဲ… ဒါဆိုရင် ဘယ်လိုရောစပ်ရမလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁၆ အောင်စ
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

အချဉ်ဆော့ပြုလုပ်ရန် လိုအောင်သောပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် တစ်ပင် (အနေတော် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

Source: Sararounsavall.com

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • နှမ်းစေ့ အဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၇၈ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပဲပြားတုံးများကို ထောင့်မှန်စတုဂံပုံစံ၊ လေးပိုင်းတစ်ပိုင်း လက်မခန့် လှီးဖြတ်ထားပါ။ သန့်ရှင်းသော အဝတ်စနဲ့ ခြောက်အောင် သုတ်လိုက်ပါ။ အချဉ်ရည် ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲ၌ ပါဝင်ပစ္စည်း (၈) မျိုးစလုံးကို ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးထားပါ။ ဆီပူလာပါက ပဲပြားများ အညိုရောင်ပြောင်းလာသည်အထိ ပဲပြားနှစ်ခြမ်စလုံးကြော်ပေးရပါမယ်။ ထို့နောက် မီးအပူချိန် လျော့လိုက်ကာ အချဉ်ရည်ထည့်လိုက်ပါ။ အချဉ်ရည်များ ဆူပွက်လာပါက ပဲပြားကို ဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါ။ အရည်အနည်းငယ်သာ ကျန်သည်အထိ တည်ထားရပါမယ်။

၃။ ထို့နောက် ပဲပြားဟင်းကို မီးဖိုပေါ်ကချပြီး ပန်းကန်ပြားထဲပြောင်းထည့်ကာ ကြက်သွန်မြိတ်အနည်းငယ်ဖြင့် အလှဆင်လို့ရပါတယ်။ ဒါဆိုရင်တော့ ကိုရီးယားစတိုင်လ် ပဲပြားဟင်း စပ်စပ်ဟင်းလျာတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Rasamalaysia.com