ကြာရှည်အထားခံပြီး အရသာကို အာဗြဲခြောက်နှင့် တွဲဖက်ထားတာကြောင့် ထမင်းမြိန်မြိန်စားသုံးနိုင်သော အရံဟင်းပွဲသီးသန့် မဟုတ်ပဲ စားသုံးလို့ရသော ဟင်းတစ်ခွက်လို့လဲပြောလို့ရပါတယ်။ မရမ်းသီးချစ်သူများအတွက် ဒီလိုတစ်မျိုးလေးပြန်လည်တီထွင်ထားသော ငရုတ်သီးထောင်းရဲ့ အရသာစွဲသွားစေရမယ် ထောင်းစားကြည့်လိုက်နော်….

ပါဝင်ပစ္စည်းများ

  • မရမ်းသီး ၁၀ ကျပ်သား (အစေ့ထုပ်ပြီး ပါးပါးလှီးထားပါ)
  • အာဗြဲခြောက် ၅ ကျပ်သား (မီးဖုတ်၊ ထုထားပါ မွနေအောင်)
  • ဆား တစ်ဝက်ဇွန်း လက်ဖက်ဇွန်း
  • ငရုတ်သီးစိမ်း ၅ ကျပ်သား (လှော်ထားပါ)

  • ဟင်းခတ်မှုန့် ၁ ဇွန်း လက်ဖက်ဇွန်း (မထည့်လဲရပါတယ်)
  • ငပိစိမ်းစား ၁ ဇွန်း စားပွဲဇွန်း (မီးအုံးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါး လှီးထားပါ)

ပြုလုပ်နည်း

၁။ အချိန် တိုအတွင်း မြန်မြန် လုပ်စားလို့ရတယ့်နည်းကတော့ အားလုံး ကြိတ်စက်ထဲထည့်ကြိတ်လိုက်ပါ။

သိပ်ညက်မှုန့်နေအောင်မကြိတ်ပါနှင့်၊ ဆာမြည်းပြီးလိုတာထပ်ဖြည့်နိုင်ပါတယ်။ ထမင်းပူပူလေးကို ပဲနီလေးဟင်းရည် ဆန်းပြီး တွဲဖက်စားသုံးလျှင်သိပ်လိုက်ဖက်ပါတယ်။

၂။ ငရုတ်ဆုံ နှင့် ထောင်းမည်ဆိုလျှင် ငရုတ်သီးလှော်များကို အရင်ထည့်ပြီး ညက်အောင်ထောင်းပါ။ ပြီးမှ မရမ်းသီး ငပိ ထည့်ပြီး ထောင်းပါ။ မရမ်းသီး ညက်လျှင် အာဗြဲခြောက်များထည့်ပြီး အားလုံးရောသမအောင်မွှေပြီးမှ တစ်ခြားပါဝင်ပစ္စည်းများထည့်ထောင်းပါ။ အားလုံးညက်လျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။

မှတ်ချက်- ဟင်းပွဲတစ်ပွဲ အနေနှင့် အသုံးပြုချင်ရင်တော့ အာဗြဲခြောက် များများထည့်ပါ။

Credit: Syi Lwin Foodsgarden