ငရုတ်သီး-ပူစီနံထောင်း နဲ့ မရွတ်စေ့သုပ် (Spicy Mint Shell Salad) ပင်လယ်ကမ်းခြေနားမှာတော့ လတ်လတ်ဆတ်ဆတ် ဝယ်ပြီး အခုသုပ်စားရင် သိပ်ကို အရသာ ကောင်းပါတယ်။ လူသိနည်းသော မရွတ်ကောင် ကို အခုနောက်ပိုင်း ဈေးထဲတွေ မှာ အခြောက်ဝယ်ယူလို့ရပါတယ်။ အစိုအကောင်ကိုတော့ City Mart တွေမှာ ဝယ်ယူလို့ရပါပြီး။ သုပ်စားကြည့်လိုက်နော်

ပါဝင်ပစ္စည်းများ

  • မရွတ်စေ့ (ခရုရှည်) – ၁ ခြင်း (ရေဆူ တာနဲ့ ထည့်ပြုတ်ပါ။ ပတဲကော၊ စပါးလင်ထည့်ပြုတ်ပါ)
  • မန်းကျီးသီးစိမ်း – ၁ တောင့် (အသားများ ပဲထည့်သုပ်ပါ)
  • ပူဆီနံ – ၃ ပင် (ခတ်ကြမ်းကြမ်းလေးလှီးထားပါ ။ ထောင်းထားပါ) )
  • ဆား – အနည်းငယ်
  • ငံပြာရည် – ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)
  • ကြက်သားမှုန့် – အနည်းငယ် (မထည့်လဲရပါတယ်)
  • ကြက်သွန်ဖြူ – ၁ မွှာ (ထောင်းထားပါ)
  • ငရုတ်သီးစိမ်း – ၂ တောင့် (ထောင်းထားပါ)

ပြုလုပ်နည်း

  1. ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ မန်းကျီးသီး အသား နှင့် ပူစီနံများ အားလုံး ထည့်ထောင်းပါ ။
  2. သုပ်ရန် ဇလုံထဲ ကို ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့် ပြီး ထောင်းထားသော အနှစ်များ နှင့် နှံအောင်နှယ်ပါ ။ ဆားမြည်းပြီး အငံ အချို အချဉ် လိုတာ ထပ်ဖြည့်ပါ ။
  3. လိုသလို သုံးဆောင်လို့ရပါပြီ ။  မရွတ်ပြုတ်ရည်ကို ကြက်သွန်မြိတ်ဖြူးပြီး ရှောက်ရည်လေး အနည်းငယ် ညှစ်ပြီး အရည်သောက် သောက်သုံးလို့ ရပါတယ် ။