ပါဝင်ပစ္စည်းများ

  • ကျွဲကောသီး – ၁ လုံး (အသားများ နွှာထားပါ)
  • ကြက်သွန်နီ – ၂ လုံး(ပါးပါး လှီးထားပါ)
  • မြေပဲလှော် – ၂ ဇွန်း ခွဲ – စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
  • သီဟိုဠေ့စေ့ – ၂ ဇွန်း- စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
  • စပါးလင်နုနု – ၁ ချောင်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

  1. အဖုံးလုံ ဖန်ပုလင်းထဲ ဆော့စ်လုပ်ရန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အဖုံးလုံအောင် ပိတ်ပြီး နာနာခလောက်ပေးပါ။ ရေခဲသေတ္တာထဲမှာ ထားပါ။ သုံးခါနည်းမှ ထုပ်ပါ။
  2. အသုပ်သုပ်ရန် ဖန်ဇလုံ အကြီးထဲကို နွှာထားသော ကျွဲကောသီး နှင့် ပါဝင် ပစ္စည်းများ အားလုံး ထည့် ပြီးမှ ဆော့စ်ထည့်ပြီး လက်နှင့် နှံ့အောင် ဖွဖွလေး နယ်ပါ။ နယ်လို့နှံ့လျှင် ဆားမြည်းပါ။ ခနောကြက်သားမှုန့် နှင့် တခြားလိုတာထပ်ဖြည့်နိုင်ပါတယ်။ ချက်ချင်း လတ်လတ်ဆတ်ဆတ် စားသုံးလျှင် ပိုကောင်းပါတယ်။

ဆော့စ်လုပ်ရန် (Dressing)

  • ငံပြာရည် တစ်ဝက် ဇွန်း – စားပွဲဇွန်း (ကြိုပြီးသား)
  • ငရုတ်သီးစိမ်းအပုတောင့် ၅ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • သံပုရာရည် ၃ ဇွန်း- လ္ဘက်ဇွန်း
  • နံနံပင် ၅ ပင် (ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
  • ခနောကြက်သားမှုန့် ၂ ဇွန်း – လ္ဘက်ဇွန်းKnorr