အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သားကိုမှ အရသာတစ်မျိုးထူးအောင် ကိုရီးယားစတိုင်လ် ခပ်စပ်စပ်လေး ကြော်ပြီး ထမင်းပူပူနဲ့တွဲစားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၆၀၀ ဂရမ်
  • ကြက်သွန်နီ အကြီး ၁ လုံး
  • ဆီ အနည်းငယ်
  • ကြက်သွန်မြိတ်၊ နှမ်းလှော် အနည်းငယ်
  • ထမင်းဖြူ

ဆော့စ်လုပ်ရန်

  • ပန်းသီး အနီ တစ်ခြမ်း
  • ကြက်သွန်နီ အနည်းငယ်
  • ကိုရီးယား ငရုတ်သီး အနှစ်စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပျားရည်ကို နေ့စဉ်သောက်သုံးရင် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

  • ငရုတ်သီးမှုန့် အနည်းငယ်
  • ဝိုင်ဖြူအနည်းငယ်
  • ကြက်သွန်ဖြူနဲ့ဂျင်းတောက်တောက်စဉ်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အသားလေးတွေကို အတုံးအသေးလေး လှီးလိုက်ပါ။

ဆော့စ်လုပ်မယ့် ပါဝင်ပစ္စည်းတွေကို ရောမွှေလိုက်ပါ။

အဲဒီနောက် အသားနဲ့နယ်ပေးလိုက်ပါ။ နာရီဝက်လောက် နှပ်ထားပါ။

ပြီးရင် ဆီကိုအပူပေးလိုက်ပြီး အသားကို အရင်ကြော်လိုက်ပါ။ ၇၀ %လောက် ကျက်အောင်ကြောပ်ါ။

အဲဒီနောက် ကြက်သွန်နီ ကို ထည့်လိုက်ပြီး မွေပေးလိုက်ပါ။

ရပြီဆိုရင် အပေါ်ကနေ ကြက်သွန်မြိတ် နဲ့နှမ်းဖြူးပေးလိုက်ပါ။

ထမင်းပူပူလေးနဲ့ သခွားသီးတို့လို လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့တွဲစားနိုင်ပါတယ်။

Source: www.mykoreankitchen.com

By: MyFood Myanmar