အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပွဲပေါ်မှာ အများဆုံးတွေ့ရတတ်တာက ဆီပြန်ဟင်း၊ အရွက်ကြော်၊ ငပိရည်၊ တို့စရာတွေပါပဲနော်။ ငပိရည်ကစားလို့ကောင်းပေမယ့်လည်း တခါတလေ အရည်ဟင်းလေးတွေအတွက်တော့ ငပိထောင်းနဲ့မှ ပိုစားလို့ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ပုစွန်ငပိထောင်းလေးပြင်ဆင်ပုံအဆင့်ဆင့်လေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုဇွန်ကျ ား – ၆ ကောင် (အရွယ်တော်)
  • ငပိစိမ်းစား – ၂ ဇွန်း (ဟင်းစားဇွန်း
  • ငရုတ်သီးစိမ်း – ၁၅ တောင့် (အစပ်စားနိင်သလောက်)
  • ကြက်သွန်ဖြူသေး – ၁ လုံး
  • ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
  • သံပုရာသီး – ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန် ၊ ငရုပ်သီး ၊  ကြက်သွန်ဖြူ လှော်ထားပါ ။
  2. ငါးပိကို မီးကင် (သို့မဟုတ်) ရေနွေးငွေ့ ြ ဖင့်  အနံ့မွှေ း လာအောင် ကင် (သို့မဟုတ်) ပေါင်း ထားပါ ။
  3. ဆုံထဲမှာ ငရုတ်သီးလေးတွေ အရင် ထောင်းပါ ။  ညက်လျင် ပုဇွန်မျ ား ထည့်ထောင်း ပါ ။
  4.  ပြီးလျင် ကြက်သွန်ဖြူမျ ား ထည့်ထောင်း ပြီး ပန်းကန်ထဲ ဆယ်ယူပြီး. ဆီမျ ား ရွှ ဲရွှ ဲလောင်း ပြီး စိမ်ထားပါ ။  စား ခါနီး မှာ သံပုရာ ၊  မန်ကျ ည်းနှစ်မျ ား ဆမ်းပေး ပါ ။

Credit: Soe’s Cooking Collection