သူငယ်ချင်းအပေါင်း အသင်းဆုံတယ့်အခါ အားလုံးသရေမကျပဲမနေနိုင်သော မရမ်းသီးသုပ်လေးကို အပေါင်းအသင်းဆုံ တုန်းလေး တစ်ပျော်တစ်ပါး သုပ်စားလို့ရအောင် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မရမ်းသီး – ၈ လုံး (အနေတော် အလုံးကို အစေ့ထုပ်ပြီး ပါးပါးလှီးထားပါ)
  • ပုဇွန် – ၂၀ ကျပ်သား (ဆား၊ ဆနွင်းဖြင့်နယ်နှပ်ထားပါ)
  • နနွင်းမှုန့် – ၄ ပုံ ၁ပုံ လက်ဖက်ဇွန်း
  • ဆား – တစ်ဝက်ဇွန်း လက်ဖက်ဇွန်း
  • ငရုတ်သီးစိမ်း – ၅ တောင့် (ပါးပါးလေးညပ်ထားပါ)

Cabbage

  • ဂေါ်ဖီ – ၂ ဖတ် (ပါးပါး ရှည်ရှည်လေးတွေလှီးထားပါ)
  • ကြက်သွန်ဖြူဆီကျက် – ၂ ဇွန်း လက်ဖက်ဇွန်း
  • ပူဆီနံ – ၅ ပင် (အရွက်ချွေထားပါ)
  • ငံပြာရည် – ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
  • ကြက်သွန်နီ – ၁ လုံး (ပါးပါး လှီးထားပါ)

ပြုလုပ်နည်း

၁။ မကပ်သောဒယ်အိုးထဲ ဆားနယ်ထားသော ပုဇွန် ထည့်ပြီး မီးမှင်မှင်လေးဖြင့်လှော်ပါ။ ပုဇွန်အဆီများထွက်လာပြီး ပုဇွန်ကွေးတယ့်အထိလှော်ပေးပါ။ မီးဖိုပေါ်မှချပြီး အအေးခံထားပြီး အခွံချွတ်ထားပါ။

၂။ ဇလုံ အကြီးထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အရသာသေချာ ဝင်အောင် လက်ဖြင့်နယ်ပေးပါ။ ဆားမြည်းပါ အပေါ့၊အငံ၊ အချဉ် အစပ် လိုတာထပ်ဖြည့်ပါ။ သုပ်ပြီး ချက်ချင်း စားသုံးပါ။

Screen Shot 2017-03-10 at 15.01.50

Credit: Syi Lwin Foods Garden