အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာ ဟော့ပေါ့ကို ဈေးကြီးကြီးပေး ဝယ်စားစရာမလိုတော့ပါဘူး။ စာဖတ်သူတို့အကြိုက် ခပ်စပ်စပ် ပင်လယ်စာ ဟော့ပေါ့ကို အိမ်မှာပဲ အလွယ်ကူ လုပ်လို့ရပါပြီနော်။ ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

ပါဝင်ပစ္စည်း

မိမိနှစ်သက်ရာ ပင်လယ်စာများ (ဂဏန်း၊ ပုဇွန်၊ ရေဘဝဲ စသဖြင့် ထည့်နိုင်ပါတယ်။)

  • မုန်ညှင်းဖြူ၊ ပဲပင်ပေါက်အနည်းငယ်
  • မုန်လာဥနီ အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်
  • အပ်မှို အနည်းငယ်
  • ကန်ဇွန်းရွက်အနည်းငယ်

ဆော့စ်လုပ်ရန်

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • Gochujang (ကိုးရီးယား ငရုတ်သီးအနှစ်) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • Doenjang (ပဲပုပ်အနှစ်၊ ရှမ်းပဲပုပ်လည်းသုံးနိုင်ပါတယ်။)
  • ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်
  • ရေ ၃ ခွက် မှ ၄ ခွက်
  • သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ပင်လယ်စာတွေကိုရေသေချာဆေးပါ။ ဆားနဲ့ သေချာလေး ဆေးပေးလိုက်ပါ။

မုန်ညှင်းဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် စတဲ့ အသီးအရွက် တွေကိုရေသေချာဆေးပြီး ခပ်ပါးပါးလှီးလိုက်ပါ။

ဆော့စ်တွေကို သေချာရောနယ်ပေးလိုက်ပါ။

ပါဝင်ပစ္စည်းတွေအားလုံးကို အိုးထဲထည့်လိုက်ပြီး အနှစ်ထည့်၊ ရေထည့်လိုက်ကာ ပြုတ်ပေးလိုက်ပါ။

ပင်လယ်စာကျက်ပြီဆိုရင် သုံးဆောင်လို့ရပါပြီနော်။ အစပ်လိုရင် အစပ်ထပ်ထည့်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar