လွယ်ကူလျင်မြန် ထမင်းမြိန်စေသော ဟင်းတစ်ခွက်ကို အာရုံများစရာမလိုပဲ Thai Spicy Salad Dressing ဖြင့် ချက်လို့ရတဲ့ နည်းကို ဖော်ပြလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား – ၄ ခြမ်း (အရေခွံခွာပြီး အတုံးလေးတွေ တုံးထားပါ)
  • Thai Spicy Salad Dressing – စားပွဲဇွန်း ၄ ဇွန်း ခွဲ
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • ငါးပိစိမ်းစား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလှီးထားပါ)
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  1. အိုးထဲကို နံနံပင်ကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မီးအနေတော်ဖြင့် ကြက်သားတုံးများရေမြုပ်အောင်ထည့်ပါ။ ရေအနည်း ငယ်ခန်းပြီး အသားနူးလျှင် ဆားမြည်းပါ။ မီးပိတ်ပါ နံနံပင်ဖြူးပြီး ထမင်းပူပူဖြင့် အသင့်သုံးဆောင်လို့ရပါပြီ။