အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သရေစာမုန့်အဖြစ်နဲ့ စားသုံးလို့ရသလို ထမင်းစားတဲ့အခါမှာလည်း ဟင်းအဖြစ်တွဲစားနိုင်တဲ့ တူနာငါး အသားလုံးကြော်စပ်စပ်ကလေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source : Yellowfintunafactory.com

  • တူနာ ငါး စည်သွပ်ဘူး ၂ ဘူး
  • ငရုတ်သီး တစ်တောင့်
  • ကြက်သွန်ဖြူ ၃ မွှာ
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
  • နံနံပင် အနည်းငယ်

  • ဘဲဥ (သို့) ကြက်ဥ ၂ လုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
  • ကြော်ရန်အတွက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

တူနာဘူး ၂ ဘူးကို ပန်းကန်လုံးအကြီးထဲ လောင်းထည့်လိုက်ပါ။

ငရုတ်သီးတစ်ထောင့်ကို ပါးပါးလှီးပြီး တူနာငါး ပန်းကန်လုံးထဲထည့်လိုက်ပါ။

ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကိုလည်း ပါးပါးလှီးပြီး ပန်းကန်လုံးထဲထပ်ပေါင်းထည့်ပါ။

ကြက်သွန်မြိတ်နဲ့ နံနံပင်တို့ကိုလည်း ပါးပါးလှီးပြီး ထပ်ထည့်ပါ။

ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်အရင်ထည့်ပြီး သမအောင် နယ်လိုက်ပါ။ ထို့နောက် အပေါ့အငန် အရသာမြည်းပြီးမှ လိုအပ်မှသာ နောက်ထပ်လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ။

ငရုတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ထပ်နယ်ပေးပါ။

ကြက်ဥ (သို့) ဘဲဥ ၂ လုံးကို မွှေခလောက်ပြီးနောက် တူနာငါးထဲလောင်းထည့်ကာ သမအောင်နယ်ပေးပါ။

ထို့နောက် အသားလုံးများကို မထူမပါး အနေတော်အလုံးများ လုံးပေးလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီကျက်လာသည်အထိစောင့်ပါ။ ထို့နောက် ငါးအသားလုံးများကို ထည့်ကြော်ပြီး တစ်ခြမ်းစီကို ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးပါ။

နှစ်ခြမ်းစလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ပန်းကန်ပြားထဲထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Picturetherecipe.com