ရေထိကရုန်းစားဖူးကြပါသလား ။ သူကလည်း ကန်စွန်းရွက်ကဲ့သို့ စိမ့်တဲ့အရသာရှိပါတယ် ။ ရေထိကရုန်းရဲ့ အပြင်ကို ဖုံးထားတဲ့ ဖော့ခွံလို အကာတွေကို ဖယ်ထုတ်လိုက်ရင် သိပ်ပြီးအရသာရှိတဲ့ အပိုင်းကိုရပါတယ်။ ငါးပိရည်နဲ့ တို့စားလို့ရသလို ကန်စွန်းရွက်ကြော် ၊ ကိုက်လန်ကြော်ကဲ့သို့လည်း အစိမ်းကြော် ပုံစံပြင်ဆင်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေထိကရုန်း ၃စည်း
  • ဝက်ကြွပ်ကြော် ၁၀ကျပ်သား
  • ကြက်သွန်ဖြူ ၃တက်
  • ငရုတ်သီးစိမ်း ၂တောင့်
  • ခရုဆီ ၂ဇွန်း
  • ပဲငံပြာရည် ၁ဇွန်း
  • သကြား+ဟင်းခတ်မှုန့် အနည်းငယ်စီ
  • ဆီမွှေး+ငရုတ်ကောင်း အနည်းငယ်စီ

ပြင်ဆင်ပြုလုပ်နည်း

  1. ရေထိကရုန်းရဲ့ အပေါ်ပိုင်း ဖော့ခွံတွေကို ဖယ်ထုတ်ပါ ။ အတွင်းက အစိမ်းရောင်နုတဲ့အပိုင်းလေးတွေကို ရွေးချယ်ပြီး ၂လက်မအပိုင်းလောက်တွေ ဖြတ်တောက်ပါ ။
  2. သုံးထက်သားအကြွပ်ကြော်ကို အတုံးငယ်လေးတွေ အဖြစ်တုံးပါ ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ဓားပြားရိုက်ပါ ။
  3. ဇလုံတစ်ခုအတွင်းမှာ သုံးထပ်သားအကြွပ်ကြော်ထည့်ပြီး ရေထိကရုန်းထည့်ပါ ။ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနှင့် ပါဝင်တဲ့အရသာအားလုံးကို ဖြည့်စွက်ပါ ။
  4. ဒယ်အိုးခပ်ကြီးကြီးကို မီးပြင်းပြင်းဖြင့် အပူပေးပြီး မီးတောက်လာသည်အထိ ခပ်မြန်မြန်လေး ကြော်ပေးပါ ။

Photo Credit: Daw Nway (မြဝတီ)

အောင်ဇဗ္ဗူလင်းအပန်းဖြေဥယျာဉ်