ပြည်ကြီးငါးသုပ်

Share this on:

အျိုမှုန့် ၊ ဆီတို့ လုံးဝ မပါသည့် ပူချဉ်စပ် ပင်လယ်စာ ပြည်ကြီးငါး အသုပ်ဖြစ်ပါတယ် ။  နလံထစာ အစာတမျိုး ဖြစ်ပါသည် ။  ကြိုက်နှစ်သက်ကြပါစေ ။

14012642_10154697847648132_557084628_o

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး (Squid ) -  ၁၀ ကောင် (အရွယ်တော် လှီးပြီး အိုးပူတိုက်ထားပါ။)
  • စိမ်းစားငပိ - ၁ ဇွန်း (ထမင်းစားဇွန်း) (မီးဖုတ်ထားပါ)
  • သခွါးသီး အသေး - ၁ လုံး (သေးသေး အတုံးများ လှီးထားပါ)
  • ကြက်သွန်နီ အသေး - ၁ လုံး (ပါးပါးလှီးပြီး ရေစိမ်ထားပါ)
  • ကြက်သွန်ဖြူ အကြီး - ၃ မွှာ ( လှော်ပြီးထောင်းထားပါ)
  • ပုဇွန်ငံပြာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးစိမ်း - ၁၀ တောင့် ( လှော်ပြီးထောင်းထားပါ)
  • နံနံပင် - အနည်းငယ် (လှီးထားပါ)
  • သံပုရာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. ပြည်ကြီးငါးများကို ခေါင်းဖြုတ်ရ်ျ အညစ်အကြေးနှင့် အချွဲများ ကုန်အောင် ဆားနှင့် နယ်ရ်ျ ရေကို အထပ်ထပ်ဆေး သန့်စင်ပြီး ရေစစ်ထားပါ ။
  2. ဒယ်အိုးအထဲတွင် ရေစစ်ထားသည့် ပြည်ကြီးငါးများကိုထည့်ကာ မီးပြင်းပြင်းဖြင့် အပ်ါရံတင်းရုံသာ ခဏအိုးပူတိုက်ပေးပါ ။ အိုးပူတိုက်ထားသော ပြည်ကြီးငါးများကို ဒယ်အိုးထဲမှ ထုတ်ရ်ျ အအေးခံ ထားပါ ။
  3. ဒယ်အိုးထဲတွင် ကျန်နေသည့် ပြည်ကြီးငါး အရည်များကို အနည်းငယ် ကျန်သည်အထိ ဆက်တည်ပေးပါ ။
  4. ဆုံထဲတွင် လှော်ထားသော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ ကို စိမ်းစားငပိဖြင့် တွဲထောင်းပါ ။
  5. ပြီးလျင် အိုးပူတိုက် ထားသည့် ပါဝင်ပစ္စည်းများ အားလုံး နှင့် ပြည်ကြီးငါး အရည်များကို ဇလုံထဲ ထည့်ရ်ျ သုပ်ပါ ။
  6. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

3.3 (15 Votes)