မုန့်လုံးရေပေါ်ကို တစ်မျိုးလေး လုပ်စားကြရအောင်။ မုန့်လုံးရေပေါ်ကို အစာသွပ်မဲ့ အစား အပြင်ကနေ မြေပဲ ထန်းလျက် နဲ့ အုပ်ပြီး လုပ်စားကြည်လိုက်တော့ လူကြီး လူငယ် အားပေးမှုများတာကြောင့် မြေပဲထန်းလျက် ကြိုက်သူတွေ အတွက် အရသာသစ်လေး လုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နှမ်းအနက်  –  ၅ ဇွန်း (စားပွဲဇွန်း)
  • အုပ်စု (က)
  • ကောက်ညှင်းဆန်မှုန့် –  ၈ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
  • ဆန်ကြမ်းမှုန့်  –  ၂ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
  • ရေ   –  ၄ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
  • ဆား  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • အုပ်စု (ခ)
  • ထန်းလျက်  –  ၂၅ ကျပ်သား
  • ချင်း  –  လက်တစ်ဆစ် ( သုံးပိုင်းပိုင်းထားပါ)

ပြုလုပ်နည်း

  1. ဖန်ပန်းကန်လုံး အကြီးထဲကို အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ။ ရေကို ဖြည်းဖြည်းချင်း လိုသလောက် လောင်းထည့်ပေးပါ။ မုန့်အနှစ်များ စေးပြီး လက်မှာ မကပ်လျှင် ရပါပြီ။
  2. ပေါင်းအိုး ကို ရေအသင့်အတင့် ထည့်ပြီး အငွေ့တက်အောင် တည်ထားပါ။
  3. မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးတွေ လုံးပြီး ပြန်ပြားပြီး ပန်းပုံစံခွက်နဲ့ ပုံစံဖြတ်ပါ။ ရရှိလာသော ပန်းပုံ မုန့်နှစ်ပြားလေးများ ပေါ်မှာ လိုရာ ပုံဆွဲပြီး နှမ်းအနက် ကပ်ပါ။
  4. ပေါင်းအိုးထဲ မှာစီထည့်ပါ။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ခွာ ထည့်ပါ။ ၁၀ – ၁၅ မိနစ်လောက် ပေါင်းပေးပါ။ မုန့်နှစ်ပြား အထူအပါး ပေါ်မူတည်ပါတယ်။
  5. အိုးအသေးလေးဖြင့် ထန်းလျက်ကို ချင်းနဲ့ ညောင်စေးကျအောင် ကြိုပါ။ ချင်း ရဲ့ အရသာနဲ့ အနံက ဆွဲဆောင်မှု ရှိစေပါတယ် ။ ချင်းထန်းလျက်ရည်ဖြင့် မုန့်ပေါင်းလေးများကို နွေးနွေးလေး တို့စားပါ။

မှတ်ချက် – အချိုစားပြီး အီတတ်သောသူများ၊ မူးမောတတ်သောသူများအတွက် ချင်းကို ထန်းလျက်ထဲ ထည့်ကြိုထားချင်း ဖြစ်ပါတယ်။