ဘဲပေါင်းဆီချက်

Share this on:

အရသာလည်းရှိ လုပ်စားရတာလည်း လွယ်ကူတဲ့ ဘဲပေါင်းဆီချက် လုပ်နည်းလေးကို ပြောပြပေးပါ့မယ် ။

ပါဝင်ပစ္စည်းများ

  • ကြာဇံ (သို့) ခေါက်ဆွဲ
  • ဘဲပေါင် (သို့) ရင်အုံ
  • ကြက်သွန်ဖြူကြော်
  • ကြက်သွန်မြိတ်
  • ဆီ
  • ဟင်းခတ်မှုန့်
  • ပဲငံပြာရည် အကြည်
  • သကြား
  • နာနတ်ပွင့်
  • ဂျင်း
  • ကြက်သွန်ဖြူ

ပြင်ဆင်ပြုလုပ်နည်း

  1. ကြာဇံကို ရေအေးဖြင့် ၁၅မိနစ်ခန့် စိမ်ထားပါ ။ (ခေါက်ဆွဲဆို စိမ်ရန်မလိုပါ) ဆီကို နနွင်းမပါဘဲ ဆီပူချက်ထားပါ ။ ကြက်သွန်မြိတ် ပါးပါးလှီးထားပါ ။ ကြက်သွန်ဖြူကြော်ကို မညက်တညက် ထောင်းထားပါ ။
  2. ဘဲအသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ၊ သကြားအနည်းငယ်ဖြင့် နယ်ထားပါ ။ ဂျင်းနှင့်ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ ။
  3. ထို့နောက် လ္ဘက်စားဇွန်းနှင့် ဆီအနည်းငယ်ကို slow cooker အိုးထဲမှာ ပူအောင်တည်ပြီး ဆီပူလာလျှင် နာနတ်ပွင့်နှင့် သကြားအနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။
  4. ကြက်သွန်ဖြူ ၊ ဂျင်းထည့်ပါ ။ ဘဲသားတုံးများထည့်ပြီး ရေမြုပ်အောင် ထည့်ပါ ။ ပုံစံမပျက် နူးအိလာပါလိမ့်မည် ။ slow cooker မရှိပါက မီးသွေးဖိုကို အထက်မီး အောက်မီး အနည်းငယ်ထည့်ပြီး အထက်ပါအတိုင်း ဟင်းအိုးတည်ပါ ။
  5. ဇလုံကြီး တစ်လုံးထဲတွင် ချက်ထားသော ဆီအနည်းငယ် သကြားအနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ပဲငံပြာရည်အကြည် အနည်းငယ် ကြက်ပေါင်းရည် အနည်းငယ်ထည့်ပြီး ရောမွှေထားပါ ။
  6. နူးပြီး အသားတုံးများကို ဆယ်ထားပြီး ၄င်း ကြက်ပေါင်းရည်နှင့် ကြာဇံများ နူးအိလာအောင် ပြုတ်ပါ ။
  7. ပြီးလျှင် ရေစစ်ပြီး အသင့်ပြင်ထားသော အရသာများဖြင့် နှံ့အောင် နယ်ပါ။
  8. သုံးဆောင်မည့် ပန်းကန်ထဲသို့ အရသာနယ်ပြီးသော ကြာဇံကို ထည့်ပါ ။
  9. ပြီးလျှင် ကြက်သွန်မြိတ် ၊ ကြက်သွန်ဖြူကြော် လေးများကို ဖြူ ၊ ဘဲပေါင်းထည့်ကာ အရသာရှိပြီး လုပ်စားရတာ လွယ်ကူတဲ့ ဘဲပေါင်းဆီချက်လေး ရပါပြီ ။
(ဘဲပေါင်းနည်းတူ ကြက်သားပေါင်း၊ ၀က်နံရိုးပေါင်း စသဖြင့် မိမိကြိုက်နှစ်သက်ရာ လုပ်စားနိုင်သည်)

Credit: ၀ယ်စားမယ် ၊ ချက်စားမယ်

Review

User Rating

4.6 (7 Votes)