ငါးဖယ်ရဲယိုလိပ်


Share this on:

ပါဝင်ပစ္စည်းများ

  • ငါးဖယ် ၂၀ကျပ်သား
  • ရဲယိုရွက် အနေတော် ၆ရွက်ခန့်
  • ခရမ်းချဉ်သီး ၂လုံး
  • နံနံပင်အနည်းငယ်
  • ငရုတ်သီး ၄ တောင့် ၅ တောင့်
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ကြက်သွန်နီ
  • ငရုတ်ဆော့
  • ဆား
  • ကြက်သားမှုန့်
  • နနွင်းမှုန့်
  • ဆီအနည်းငယ်

ချက်ပြုတ်ပုံ

  1. ငါးဖယ်ကို ဂျင်းကြက်သွန်ဖြူ ကြက်သွန်နီတို့နှင့်ထောင်းပါ။
  2. ဆားအနည်းငယ် ကြက်သားမှုန့် အနည်းငယ် နနွင်းမှုန့် အနည်းငယ်ထည့်၍ မာလာသည်အထိ ထောင်းပါ။
  3. ငါးဖယ်ရပြီ ဆိုပါက ရဲယိုရွက်ကို ဆီအနည်းငယ် သုတ်ပြီး ငါးဖယ်ကို ဖြန့်ထည့်ပါ။
  4. အပေါ်မှ တစ်ရွက်ထပ်အုပ်ပြီး အလိပ်ဖြစ်အောင် လိပ်ပါ။
  5. ထို့နောက် ပေါင်းခံထဲတွင် စီထည့်ပါ။
  6. ရေနွေးပွက်ပွက်ဆူအောင်မိနစ်၂၀လောက်ပေါင်းပါ။
  7. ပေါင်းပြီးပါက ငါးဖယ်လိပ်များကို ဓါးဖြင့် အကွင်းလိုက် လှီးပါ။
  8. ထို့နောက် ခရမ်းချဉ်သီးကို အကွင်းသေးလှီးပါ။
  9. နံနံပင်အုပ် ငရုတ်စိမ်းအုပ် ဆီချက် အနည်းငယ် ဆမ်းပြီး ကြိုက်နှစ်သက်ရာ ငရုတ်ဆော့ အချိုအစပ် တမျိုးမျိုးနှင့် တွဲဖက်စားသုံးနိုင်ပါပြီရှင်။

Credit : Htwe Htwe

Review

User Rating

3.3 (11 Votes)

author-avatar

Recipes sent by our Users