အသားပေါင်း

Share this on:

အရသာလည်းရှိ အဟာရလည်းဖြစ် သန့်လည်း သန့်ရှင်းတဲ့ အသားပေါင်းပါ ။

အသားပေါင်း ၂

ပါဝင်ပစ္စည်းများ

  • အသား - ၄၀ သား
  • ဆေးဘဲဥ - ၃ လုံး
  • ကြက်အူချောင်း - ၃ ချောင်း
  • ရေညှိ - ၁ ရွက် ( အရွက်ကြီး)
  • ကြက်ဥတို့ဟူး - ၁ ခု
  • ငရုပ်ကောင်းမှုန့် - အနည်းငယ်
  • အသားမှုန့် - အနည်းငယ်
  • ငုံးဥ
  • မှို - ကြိုက်နှစ်သက်ရာ

ပြုလုပ်နည်း

  1. မိမိ ကြိုက်နှစ်သက်ရာ အသားကို အနေတော် အတုံးလေးများ လှီးပြီး ကြိတ်စက် ဖန်အိုးထဲ ထည့်ပါ ။
  2. အရသာ အတွက် အသားမှုန့် ၊ ငရုပ်ကောင်းမှုန့် ထည့်ပြီး ကြိတ်ပါ ။
  3. အသား ညက်လာပါက အနေတော် အသားလုံးများပေါ် ကြက်အူချောင်း ၊ တို့ဟူး ၊ ရေညှိ ၊ ငုံးဥ ၊ ဆေးဘဲဥ တို့ကို အပေါ်က တင်ပြီး ပေါင်းအိုးတွင် ရေခံ၍ ၁၅ မိနစ် ပေါင်းပါ ။
  4. အရသာ ရှိသော အသားပေါင်း ပူပူလေးကို သုံးဆောင်နိုင်ပါပြီ ။
Credit: မယ်မဒီ Online Store

Review

User Rating

4 (2 Votes)