ဆိတ်သားခြောက်ကို ဖုတ်မယ်၊ ချက်မယ် ဒီလိုမျိုးပဲစားဖူးလောက်မှာပါနော်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အထောင်းလေးပြောင်းစားကြည့်ကြမယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်သားခြောက်
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုတ်သီးစိမ်း
  • ဆား
  • ရှမ်းနံနံ
  • ပင်စိမ်း
  • သံပုရာသီး
  • ပဲဆီတဇွန်း

ပြုလုပ်နည်း

  1. ဆိတ်သားခြောက် ရေမြုပ်ယုံထည့်၍ ခန်းအောင်ပြုတ်ပြီး ထုမွထားပါ။
  2. ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်းထည့်ထောင်းပါ။ ညှက်ပြီဆို ရှမ်းနံနံ၊ ပင်စိမ်း တောက်တောက်စင်းပြီး ရောထောင်းပါ။
  3. မွထားတဲ့ ဆိတ်သားလေးထည့် သမအောင်ထောင်းပြီး သံပုရာသီးလေးညစ်ထည့်ပြီး စားနိုင်ပါသည်။ ရွှဲရွှဲလေးစားချင်တယ်ဆိုရင် ပဲဆီတဇွန်း လောင်းထည့်ပြီးလည်း စားနိုင်ပါသည်။ ဇလပ်ရွက်၊ နံနံပင်လေးနဲ့ အလှဆင်ပြီး ရေနွေးကြမ်း ထမင်းပူပူလေးနဲ့ စားလျှင် စားလို့အလွန်ကောင်းပါသည် ။

Credit: Nang Thanda Oo