မုန်ကြာစေ့ကို စည်က ကာလာလေးတွေ ထည့်ပြီး ချစ်စရာလေးတွေ အသွင်ပြောင်း ထားပါတယ် ။  အုန်းနို့ မစားတယ့် သူတွေအတွက် အဆိမ့် အရသာကို နွားနို့ (သို့) နို့စိမ်း အစားထိုး ထည့်စားလိုလဲ ရတာကြောင့် အားလုံးအတွက် အချိန်မရွေး အဆင်ပြေနိုင်သော အချိုပွဲလေးကို မျှဝေလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • သာကူ ခွက် – တစ်ဝက် ခွက် (ရေစိမ်ထားပါ)
  • ကောက်ညှင်းမှုန့် – ၁ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဆန်ကြမ်းမှုန့်  – ၁ ဇွန်း (စားပွဲဇွန်း)
  • အုန်းရည် ခွက် – ၁ ခွက် ခွဲ (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • ဆား – ၄ ပုံ ၁ ပုံ ဇွန်း (လက်ဖက်ဇွန်း)
  • ထန်းလျက် – ၅ ကျပ်သား (ကြိုထားပါ)
  • အုန်းသီး – ၁ ခြမ်း (ခြစ်ထားပါ)
  • အဝါရောင် – ၁ စက် (မုန့်လုပ်ရင်ထည့်သော အရောင်)
  • အစိမ်းရောင် – ၁ စက် (မုန့်လုပ်ရင်ထည့်သော အရောင်)
  • ရေ – လိုလျင်သုံးပါ (မုန့်နှစ်နယ်လျင်၊ အသုံးပြုပါ လိုသလောက်)

ပြုလုပ်နည်း

ဖန်ဇလုံ အကြီးထဲ ကောက်ညှင်းမှုန့် ၊ ဆန်မှုန့်၊ ဆား ထည့်ပြီးမွှေပါ။ ပြီးလျှင် အုန်းရည်ခွက် တစ်ဝက် ကို ဖြည်းဖြည်းချင်းလောင်း ထည့်ပြီး လက်ဖြင့် မုန့်နှစ်ရတယ့် အထိ နယ်ပေးပါ။ မုန့်နှစ်များ လက်ကို မကပ်တယ့် အထိ နယ်ပါ။ ရလာသော မုန့်နှစ်ကို သုံးလုံး ခွဲလိုက်ပါ။ တစ်လုံးကို အဝါရောင် တစ်စက်ထည့်ပြီး မုန့်နှစ်ကို နှံအောင်နယ်ပါ။ နောက်တစ်လုံးကို အစိမ်းရောင် တစ်စက် ချပြီး နှံအောင်နယ်ပါ။ အဖြူလုံးကိုတော့ ဒီအတိုင်း ထားပါ။

အိုးအသေးလေးထဲ သာကူ ထည့်ပြီး မီးအနေတော်နှင့် ကြိုပါ။ အဆက်မပြတ် မွှေပေးပါ။ သာကူ အဆန်ဖြူ ပြောက်တည့် အထိကြိုပါ။ မီးဖိုပေါ်မှ ချထားပါ။ စောက်နက်အိုး အကြီးထဲ ရေထည့်ပြီး ပွတ်ပွတ်ဆူအောင် တည်ထားပါ။

မုန့်အဖြူ၊ အဝါ၊ အစိမ်း အနှစ်များကို မုန့်ကြာစေ့လုပ်ရန် ဆားငံစေ့ အလုံးလောက် အလုံးသေးသေးလေးတွေ ညီညာလုံးပါ။

ဖန်ဇလုံထဲ ရေခဲရေ ထည့်ပြီး သံဇကာ အဆင်သင့် လုပ်ထားပါ။  ရေဆူလျှင် မုန့်နှစ်အဖြူ မုန့်ကြာစေ့လေးများကို အရင် ထည့်ပြုတ်ပါ။ ရေပေါ် ပေါ်လာလျှင် ဇကာကွက် ဇွန်းကြီးနှင့် ဆယ်ပြီး ရေခဲရေထဲ ထည့်ပြီး အအေးခံ ထားပါ။ ပြီးလျှင် ပြန်ဆယ်ပြီး ဇကာဖြင့် ရေစစ်ထားပါ။ ကျန် ကာလာမုန့်များလဲ မုန့်နှစ်အဖြူလိုပဲ လုပ်ပါ။

အိုးကြီးထဲ ဆား အနည်းငယ်၊ သာကူ၊ အုန်းရည် နှင့် အသင်ြ့ပုတ်ထားသော မုန့်ကြာစေ့ ဖြူ၊ ဝါ၊ စိမ်း များ အားလုံး ထည့်တည်ပါ။

အနည်းငယ် အအေးခံပြီးမှ စားပါ။ ဆားမြည်း ပန်းကန်ထဲ ကြာစေ့လေးများ ထည့်ပြီး ထန်းလျက်ရည် နှင့် အုန်းသီးဖတ်ကို ကိုယ်လိုသလောက် ထည့်စားနိုင်ပါတယ်။ အအေးကြိုက်သူများ အတွက် ရေခဲတုံး ထည့် စားလို့ ရပါတယ်။