ပါဝင်ပစ္စည်း

  • ကောက်ညှင်းဆန်    –   ၅ ဘူး (နို့ဆီဘူး)
  • ကြက်သွန်နီဥသေး   –   ၁၀ လုံး (တဝက်လှီးထားပါ ။)
  • ဆနွင်းမှုန့်   –   ၁ ဖွန်း (ဇွန်းသေး)
  • ဂျင်း    –    အနည်းငယ်
  • ဆား   –   အနည်းငယ်
  • ဆီ   –   ၅ ကျပ်သားခန့်

ပြုလုပ်နည်း

ကောက်ညှင်းဆန်ကို ရေဆေးပြီး ၊ မချက်ခင် မိနစ် ၂၀ ခန့်  ရေစိမ်ထားပါ ။  ပြီးလျင်  ရေစစ် ထားပါ။  ဒယ်အိုးပြားတွင် ဆီထည့်ရျ် ပူလာလျင် ကြက်သွန်နီ နှင့် ဂျင်းကို ဆီသပ်ပါ။

အနံ့မွှေးလာလျင် ဆနွင်းမှုန့် ထည့်ပြီး  ကောက်ညှင်းဆန်ကို ထည့်ပါ။ ပြီးလျင် သမအောင်နယ်ပါ ။

13101444_10154417854768132_1729976672_n

ထို့နောက် ရေ ၅ခွက်ကို ထည့်ပြီး ဆား အနည်းငယ် ထည့်ရျ် နှံ့အောင် မွှေပြီး မီးကို လျော့၍ မီးအေးအေးနှင့် ကျက်သည် အထိ အဖုံးအုပ်ရျ် တည်ထားပါ။ အပေါ်ရေကုန်လျင် ကောက်ညှင်းကို  အထက်-အောက် လှန်ပေးပါ။

ကောက်ညှင်းဂျိုး ကြွပ်ကြွပ်ရွရွလေး စားခြင်သူများအဖို့ အိုးပြားထဲတွင် မီးအေးအေးနှင့် ကြွပ်သည်အထိ ထားပါ။

ဆီထမင်းကို နှမ်းထောင်း ၊ ပဲပြုပ်၊ အုန်းသီးခြစ်၊ ကြက်သွန်ကြော် ၊ ငါးခြေက်ဖုတ် ၊ အသားခြောက်ဖုတ် ၊ ငါးကြော်၊  အသားကြော် အမျိုးမျိုး၊  မိမိတ့ိုှ နှစ်သက်ရာနှင့် တွဲဖက်စားသုံး နိုင်ပါတယ်။

13140939_10154417854728132_570800325_n

Credit: My Food Myanmar